မမ စတိုး

ဤSite ကိုဆိုင်ကြော်ငြာအဖြစ်လည်းကောင်း၊  Supplier များဆက်သွယ်နိုင်ရန်အတွက်လည်းကောင်း ၊ ၀ယ်ယူရောင်းချသူနှင့်ဝယ်ယူသုံးစွဲသူများထံ သတင်းအချက်အလက်များပေးပို့ရန်အတွက်လည်းကောင်း တင်ဆက်ပါသည်။

ဆိုင်အကြောင်း

မမ စတိုး ဆိုင်ကို ၁၉၉၉ ခု ဇန်န၀ါရီလ ၁၈ရက်နေ့တွင် B-108, မြိုင်ရတနာနှစ်ထပ်ဈေး ၊ မော်လမြိုင်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ယခု ၂၇ နှစ်တင်းတင်းပြည့်ပြီးဖြစ်သည်။

စာရေးကရိယာ ၊ အလှကုန် ၊ လူသုံးကုန် ပစ္စည်းများကို စတင်ဖြန့်ချီရောင်းချခဲ့ပြီး ၂ နှစ်အကြာတွင် စာရေးကရိယာ ရောင်းချခြင်းကို ရပ်ဆိုင်းပြီး အလှကုန်ကိုအဓိကထားရောင်းချခဲ့သည်။
NIVEA , NOW HOW , Camella , Doaru , Aphrodite နှင့်အခြားနာမည်ကြီး အရောင်းသွက် ပစ္စည်းအမျိုးအစားများစွာကိုရောင်းချခဲ့သည်။

၂၀၁၁ ခု မေလ ၂၂ရက်နေ့တွင် A-4 ၊ ရဲသီဟအိမ်ရာ ၊ လေးထပ်ဈေးရှေ့ သို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

၂၀၂၄ ခု မတ်လ ၁၄ရက်နေ့တွင် ၇၈ ကျိုက်ဖနဲဘုရားလမ်း၊ စက်တန်းရပ်၊ ဒိုင်းဝန်းကွင်း သို့ ထပ်မံပြောင်းရွှေ့ဖွင့်လှစ်ထားပါသည်။

 ၀ယ်ယူသုံးစွဲသူများ ပစ္စည်းမှန်ဈေးမှန်ရရှိရန် ၊
 ၀ယ်ယူရောင်းချသူများ တိုးတက်အောင်မြင်ရန် ၊
ထိုက်သင့်သော တိုးတက်အောင်မြင်မှုများရရှိရန် တို့မှာ ဆိုင်၏ရည်မှန်းချက် မျှော်လင့်ချက်များဖြစ်သည်။

စတင်တည်ထောင်စဉ်မှစ၍ ကူညီသူများ ၊
၀ယ်ယူအားပေးသူများ ၊ Supplier များ အားလုံးကိုကျေးဇူးတင်ပါသည်။


မမ စတိုး

၇၈ ကျိုက်ဖနဲဘုရားလမ်း
စက်တန်းရပ် ၊ ဒိုင်းဝန်ကွင်း
မော်လမြိုင်။

No comments:

Post a Comment