မမ စတိုး

Site ကို ဆိုင်ကြော်ငြာအဖြစ်လည်းကောင်းSupplier များဆက်သွယ်နိုင်ရန်အတွက်လည်းကောင်း ၊ ၀ယ်ယူရောင်းချသူနှင့်ဝယ်ယူသုံးစွဲသူများထံ သတင်းအချက်အလက်များပေးပို့ရန်အတွက်လည်းကောင်း တင်ဆက်ပါသည်။

Sunday, June 2, 2013

(pH.5၀န်းကျင်ခန့်)

(pH.5၀န်းကျင်ခန့်)
အမျိုးသမီးရဲ့အင်္ဂါ (Vagina) ဟာ ခန္ဓာကိုယ်တွင်းက မျိုးပွားအင်္ဂါ အစုအဖွဲ့ နဲ့ ခန္ဓာကိုယ်ပြင်ပကြားမှာ လမ်းကြောင်း Passageway တစ်ခုအဖြစ် တည်ရှိပါတယ်။ ပြင်ပက ပိုးမွှားတွေအတွက် ဝင်ပေါက်တံခါးတစ်ခု သဖွယ်လည်းဖြစ်တဲ့အတွက် သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်တဲ့ အနေနဲ့သော် လည်းကောင်း၊ ပုံမှန်အခြေအနေလေးတစ်ခု ဖန်တီးပေးထားတဲ့ အနေနဲ့သော်လည်းကောင်း Vaginal Discharge မိန်းမကိုယ်အရည်လေးတွေ ထုတ်ပေးပါတယ်။
ဒီစစ်ထုတ်ရည်လေးတွေ ထုတ်ပေးခြင်းဟာ ပုံမှန်အခြေအနေပါပဲ။ မအင်္ဂါရဲ့ pH ဟာ အက်စစ် pH (pH.5၀န်းကျင်ခန့်) မှာ ရှိနေအောင် သူ့ကိုယ်သူ အမြဲပြုပြင်ပေးနေပါတယ်။ ဒီလို အက်စစ် pH ဖြစ်အောင် လုပ်ပေးနေခြင်းဟာ ပြင်ပက ရောဂါပိုးမွှားတွေ က အက်စစ် pH ဆိုရင် မကြိုက်တဲ့အတွက် လာရောက်ပေါက်ပွားမှု မရှိအောင် ကာကွယ်ပေးထားတဲ့ သဘောပါပဲ။ အကြောင်းတစ်ခုခု ကြောင့် အဲဒီ pH အပြောင်းအလဲဖြစ်သွားရင် မအင်္ဂါထဲမှာ ရောဂါပိုးမွှား အချို့ပေါက်ပွားလာပြီး မူမမှန်တဲ့ အဖြူဆင်းခြင်းများ ဖြစ်လာ နိုင်ပါတယ်။
မအင်္ဂါရဲ့ အက်စစ် pH ကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အကြောင်းတွေထဲမှာ ဓမ္မတာစက်ဝန်း၊ စိတ်ဖိစီးမှု၊ အာဟာရအခြေအနေများ၊ ကိုယ်ဝန်ရှိခြင်း၊ အချို့ဆေးဝါးများ စသည်တို့ ပါဝင်ပါတယ်။ အမျိုးသမီး အများစုဟာ အဖြူဆင်းတာ ရောဂါ ကြောင့်မဟုတ်ဘဲ လုံးဝပုံမှန်ဖြစ်ပါ တယ်။ ကိုယ်ဝန်ရှိတဲ့အချိန်မှာ အဖြူဆင်းတာကလည်း မူမှန်ပါပဲ။
ပုံမှန်အားဖြင့် မိန်းမကိုယ်ထဲမှာ Candida Albicans ဆိုတဲ့ Yeast ပိုး အနည်းငယ်ရှိပါတယ်။ မိန်းမကိုယ်ထဲမှာ pH အပြောင်းအလဲ ဖြစ်ရင် Yeast တွေ အဆမတန်ပေါက်ပွား လာပါတယ်။Yeast ပေါက်ပွားခြင်း ဟာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါမဟုတ်ပါဘူး။
လက္ခဏာများ
- အဖြူဆင်းတာများခြင်း
- အဖြူရောင်၊ ဒိန်ချဉ်ဖတ်ကဲ့သို့ ခပ်ပျစ်ပျစ်
- မိန်းမကိုယ်တွင် နီရဲ၊ ယားယံ၊ ပူစပ်ခြင်း။
တစ်ပတ်ကြာတဲ့အထိ ရောဂါ လက္ခဏာတွေ မပျောက်ကင်းဘဲ အဖြူဆင်းမြဲဆင်းနေရင် ဆရာဝန်နှင့် ပြသပါ။ အိမ်သာတက်တိုင်း၊ ဆီးသွားပြီးတိုင်း သန့်ချင်တဲ့စိတ်နဲ့ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲတွေနဲ့ ခဏခဏ ဆေးကြော ပေးခြင်းကြောင့် မိန်းမကိုယ်ထဲက အက်စစ် pH ပျက်ကာ ပိုးမွှားတွေ ပေါက်ပွားတတ်ပါသေးတယ်။ ဆပ်ပြာက အယ်ကာလီအပြင်းစားဖြစ်လို့ပါပဲ။ ဒါကြောင့် မအင်္ဂါကို ဆေးကြောတဲ့ အခါ ရေသန့်သန့်နဲ့ဆေးပြီး အဝတ်သန့်သန့်နဲ့ ခြောက်သွေ့အောင် ပြု လုပ်သင့်ပါတယ်။ ဒါမှမဟုတ် မအင်္ဂါ ဆေးဖို့ အထူးထုတ်လုပ်ထားတဲ့ အက်စစ် pH ရှိတဲ့ သန့်စင်ဆေးရည်များနဲ့ ဆေးကြောသင့်ပါတယ်။ � ခိုင်မွန်ကျော်
http://www.yoyarlay.com/health/health/therapies/16102-2011-11-12-05-50-56

No comments:

Post a Comment