Pages
ပင်မစာမျက်နာ
ဆက်သွယ်ရန်
ဆိုင်အကြောင်း
Brands
Hair Care
Cosmetic
Skin Care
Presonal Care
မှတ်စု
မမ စတိုး
ဤSite ကိုဆိုင်ကြော်ငြာအဖြစ်လည်းကောင်း၊
Supplier များဆက်သွယ်နိုင်ရန်အတွက်လည်းကောင်း ၊ ၀ယ်ယူရောင်းချသူနှင့်ဝယ်ယူသုံးစွဲသူများထံ သတင်းအချက်အလက်များပေးပို့ရန်အတွက်လည်းကောင်း တင်ဆက်ပါသည်။
Monday, November 26, 2012
အရောင်းသမားတစ်ယောက်ဖတ်သင့်တဲ့စာအုပ်
ရာနှုန်းပြည့် အောင်မြင်တဲ့ အရောင်းသမားဆိုတာ
ရှိပါသလား။
အရောင်းသမားတစ်ယောက်ရဲ့ အရည်အချင်းကို
အတိအကျ တိုင်းတာလို့ ရနိုင်တဲ့ နည်းလမ်း
ဒါမှမဟုတ် ဖော်မြူလာ (ပုံသေနည်း) ရှိပါသလား။
Friday, November 9, 2012
အစိုဓာတ်ထိန်းခရင်မ် (Moisturizer) လိမ်းခြယ်နည်း
by
ရွှေမြန်မာများအတွက် ShweBeauty
on Thursday, November 8, 2012 at 6:23pm ·
အစိုဓာတ်ထိန်း ခရင်မ်ကို ဘယ်လို လိမ်းရမလဲ ဆိုတာကို သေချာမသိရင် အသားအရေ ချောမွေ့ပြီး စိုပြည်လာအောင် ထိန်းသိမ်းတဲ့အခါ ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။ အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းတာက လွယ်တယ်၊ ရိုးစင်းတယ် ထင်ရပေမယ့် ထိရောက်မှု ရှိစေဖို့ သင်သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁)
လက်နဲ့ မျက်နှာကို အပျော့စား ဆပ်ပြာ ဒါမှမဟုတ် မျက်နှာသစ်ဆပ်ပြာ သုံးပြီး သန့်စင်ပေးပါ။ သန့်စင်ပြီး ခြောက်အောင် သုတ်ပေးပြီးပြီ ဆိုတာနဲ့ အရေပြား စိုနေတုန်းမှာပဲ အစိုဓာတ် ထိန်းပေးတာက အကောင်းဆုံး အာနိသင်ကို ရရှိစေပါတယ်။ လုပ်သင့်တဲ့ နည်းလမ်းတစ်ရပ် အနေနဲ့ မျက်နှာသစ်ပြီးတာနဲ့ ချွေးပေါက်ထိန်းပေးနိုင်တဲ့ တိုနာ(Toner) ကို လိမ်းပေးပါ။ ပြီးရင် တိုနာလိမ်းထားပြီး အရေပြား စိုနေတုန်းမှာပဲ အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။
(၂)
လက်ထဲမှာ အစိုဓာတ်ထိန်း ခရင်မ်ကို ပဲစေ့ သုံးစေ့ခန့် ယူပြီး လက်ဖဝါး နှစ်ဖက်ကို ပွတ်သပ်ပြီး ပြန့်သွားအောင် လုပ်ပါ။ ပြီးရင် လက်နှစ်ဖက်လုံးနဲ့ မျက်နှာအနှံ့ ညီညီမျှမျှ လိမ်းပေးပါ။
(၃)
လိမ်းတဲ့အခါမှာ အရေပြားအောက်ကနေ အထက်ကို ပင့်တင်တဲ့ နည်းလမ်းမျိုးနဲ့ လိမ်းပေးပါ။ ပြီးရင် စက်ဝိုင်းပုံစံမျိုးနဲ့ ပါးအလယ်နေရာကစပြီး လှည့်လည် နှိပ်ပေးသွားပါ။ မျက်ခုံးနဲ့ မျက်ခွံနေရာတွေကိုပါ နှိပ်နယ်ပေးပါ။ လည်ပင်းကိုလည်း လိမ်းဖို့ မမေ့ပါနဲ့။ နှိပ်နယ်တဲ့ အခါမှာ လက်ခလယ်နဲ့ လက်သူကြွယ်ကို သုံးပြီး နှိပ်ပေးပါ။
(၄)
မျက်ဝန်းတစ်ဝိုက်မှာ အစိုဓာတ်ထိန်း ခရင်မ်ကို မလိမ်းပါနဲ့။ မျက်ဝန်းတစ်ဝိုက်က အရေပြားဟာ နူးညံ့ပြီး ထိခိုက်လွယ်တဲ့အတွက် အစိုဓာတ်ထိန်း ခရင်မ်ကြောင့် ဖောင်းနေနိုင်ပါတယ်။
(၅)
အစိုဓာတ်ထိန်း ခရင်မ် လိမ်းပြီး အချိန် ၁၀ မိနစ်လောက်ကြာရင် အရေပြားထဲကို အစိုဓာတ်တွေ စိမ့်ဝင်သွားပြီ ဖြစ်တာကြောင့် မိတ်ကပ်လိမ်းနိုင်ပါပြီ။
(၆)
နေ့ခင်းအချိန်မှာ အစိုဓာတ်ထိန်း ခရင်မ်ကို ထပ်မံလိမ်းလိုရင် အရင်ဆုံး မိတ်ကပ်တွေကို ဖျက်လိုက်ပါ။ ဖျက်ရမယ့်နည်းက စိုနေတဲ့ ဂွမ်းစ ဒါမှမဟုတ် စိုနေတဲ့ တစ်သျှူးနဲ့ သန့်စင်ပေးလိုက်ပါ။ ပြီးမှ စောစောက ပြောတဲ့နည်းအတိုင်း အစိုဓာတ်ထိန်း ခရင်မ်ကို ထပ်မံလိမ်းပေးပါ။ အစိုဓာတ်ထိန်း ခရင်မ်ကို မလိမ်းခင်မှာ မျက်နှာကို ရေနဲ့ ပက်ဖျန်းပေးရင်လည်း မျက်နှာကို ပိုမို စိုပြည် လန်းဆန်းစေပါတယ်။
ကြယ်စင်Ref: Good Health posted on Yatanarpon - news/news-32187
မူရင်းစာမျက်နာသို့
Thursday, November 8, 2012
Vaseline lotion
Vaseline lotion
Published with Blogger-droid v2.0.4
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)