မမ စတိုး

Site ကို ဆိုင်ကြော်ငြာအဖြစ်လည်းကောင်းSupplier များဆက်သွယ်နိုင်ရန်အတွက်လည်းကောင်း ၊ ၀ယ်ယူရောင်းချသူနှင့်ဝယ်ယူသုံးစွဲသူများထံ သတင်းအချက်အလက်များပေးပို့ရန်အတွက်လည်းကောင်း တင်ဆက်ပါသည်။

Wednesday, October 31, 2012

Meswak toothpaste


သွားတိုက်ဆေး

Published with Blogger-droid v2.0.4

NNO


NNO ကံစမ်းမဲ 2012 ဒီဇင်ဘာလအထိ

Published with Blogger-droid v2.0.4

Monday, October 29, 2012

Promina

0443 PROMINA GLAXO CREAM
PROMINA GLAXO CREAM has the natural active ingredients.
Protects your skin from sun damage with SPF 15. Your face will become more white and brighter.

DIRECTIONS: After clean your face thoroughly. Apply PROMINA GLAXO CREAM slightly all over your face. For the best result you should use with PROMINA GINSENG PEARL CREAM daily in the morning and evening.  0441 Promina Ginseng Pearl Cream
It is natural which prevents freckles and acne. It is the result of years of scientific research carried out by biology and physiology experts. The natural healing properties of this cream will product the following effects.
- The removal of freckle or darkish spots.
- Acne will dry and disappear without leaving scars.
- The conditioning of the skin, leaving it moisturized and protected.
- Thus preventing the aging process.
- The deep nourishment of the skin, making it soft and smooth with appearance of younger skin.
- It provides a good base for the application of facial makeup. Promina ginseng pearl cream is suitable for every kind and for white and clear facial makeup.

DIRECTIONS: Wash face clean and apply cream regularly in daytime and before bedtime.
0445 PROMINA GINSENG FACIAL FOAM
Extra foaming cleanser that is suitable for all skin types. Combined with special formula:
GINSENG EXTRACT helps accelerate cells renewal also deep cleanse and whiten for your skin. Restores moisture to your skin. Makes it soft and smooth with appearance of younger skin.

DIRECTIONS: Put foam onto your palm. Mix with water until lathering and gently massage all over your face then rinse well with water. 

http://universe-bty.co.th/promina-english.htm

Sunday, October 28, 2012

အရေးကြောင်းပျောက်ခရင်မ် ဝယ်တဲ့အခါ .........

Mg Mandalay
သင့်မျက်နှာက အရေးကြောင်းတေါကို ပျောက်ကင်းစေဖို့အတွက် အရေးကြောင်း ပျောက် (Anti Wrinkle) ခရင်မ်တွေကို သုံးတဲ့အခါ အိုမင်းမှုနဲ့ အရေးကြောင်း တွေကို ချက်ချင်း မပျောက်ကင်း နိုင်စေပေမယ့် ရေရှည်စွဲမြဲသံ
ုးရင်တော့ အရေးကြောင်းတွေကို ထိထိရောက်ရောက် လျော့နည်းသက်သာစေနိုင်ပါတယ်။ သင့်အတွက် အကောင်းဆုံး အရေးကြောင်းပျောက်ခရင်မ်ကို ရွေးချယ်နိုင်စေဖို့ အသုံးဝင်မယ့် အကြံပြုချက်တွေကို ဖော်ပြလိုက်ပါတယ်။

( အညွှန်းကို ဖတ်ပါ )
အရေးကြောင်းပျောက်ခရင်မ်တွေ ဝယ်တဲ့အခါ အညွှန်းကိုမဖတ်ဘဲ မဝယ်ပါနဲ့။ အညွှန်းမှာပါတဲ့ ပါဝင်ပစ္စည်းစာရင်းကို သေချာကြည့်ပါ။ အညွှန်းစာရွက်ကို ဖတ်ကြည့်မှသာ ဒီပစ္စည်းက သင့်အသားအရေအမျိုးအစားနဲ့ ကိုက်ညီအောင် ထုတ်ထားတာလားဆိုတာ သင်သိနိုင်မှာပါ။ ပါဝင်ပစ္စည်းစာရင်းကို ဖတ်ကြည့်ပြီး သင်မကြိုက်တဲ့ ပစ္စည်းပါရင် မသုံးပါနဲ့။ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထောက်ခံထားတဲ့ ပစ္စည်းတွေ တွေ့ရင်တော့ ကောင်းတဲ့လက္ခဏာပါ။ ဘူးမှာပါတဲါ အညွှန်းကလည်း ဒီပစ္စည်းထဲမှာပါတဲ့ ပါဝင်ပစ္စည်း စာရင်းတွေ အားလုံးကို အတိအကျဖော်ပြထားသင့်ပါတယ်။ ဒီလိုပါဝင်ပစ္စည်းစာရင်း မဖော်ပြထားတဲ့၊ ဘာမှန်းမသိတဲ့ ပစ္စည်းတွေကို မသုံးသင့်ပါဘူး။

( သဘာဝပါဝင်ပစ္စည်းကို ရွေးချယ်ပါ )
အရေးကြောင်းပျောက်ခရင်မ်မှာ ဓာတုပါဝင်ပစ္စည်းတွေထက် သဘာဝ ပါဝင်ပစ္စည်း တွေပါရင် ပိုကောင်းပါတယ်။ သဘာဝ ပါဝင်ပစ္စည်းတွေက ပိုပြီး ထိထိရောက်ရောက် အလုပ်လုပ်နိုင်ကာ ဘေးထွက်ဆိုးကျိုးလည်းနည်းပါးပါတယ်။
ဒီလို သဘာဝ ပါဝင် ပစ္စည်းတွေကတော့ ဂျိုဂျိုဘာဆီ (Jojoba Oil)၊ ထောပတ်သီး (Avocado)၊ ပျားရည် (Honey)၊ မက်ကဒေးမီးယားဆီ (Macadamia Oil)၊ စပျစ်စေ့ဆီ (Grape Seed Oil)၊ သဘာဝဗီတာမင်အီး (Natural Vitamin E) Phytessence Wakame စတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြောင်းပျောက် ခရင်မ်မဝယ်ခင် ဘူးပေါ်က ပါဝင်ပစ္စည်း စာရင်းမှာ ဒီနာမည်တွေကို ရှာကြည့်ပါ။

( နာမည်ကောင်းတဲ့ ကုမ္ပဏီက ပစ္စည်းကို ရွေးချယ်ပါ )
နာမည်ကောင်းတဲ့ အလှကုန် ပစ္စည်းကုမ္ပဏီတွေက ထုတ်လုပ်တဲ့ အရေးကြောင်း ပျောက်ခရင်မ်တွေကို ရွေးချယ်ပါ။ နာမည်ကောင်းနဲ့ ကျော်ကြားပြီး နှစ်ပေါင်း ကြာရှည်တည်တံ့နေတဲ့ အလှကုန်ပစ္စည်းကုမ္ပဏီတွေက သုတေသနတွေ ပိုလုပ်ဖြစ်ပြီး အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်ကြပါတယ်။ လုံးဝမသိတဲ့ ကုမ္ပဏီက ပစ္စည်းကို ဝယ်တာထက် ဒီလိုနာမည်ကောင်းတဲ့ ကုမ္ပဏီက ပစ္စည်းကိုဝယ်တာက ပိုစိတ်ချ ရပါတယ်။Health                                          မူရင်းစာမျက်နာသို့

အလှကုန် ပစ္စည်းတွေရဲ့ သက်တမ်း


လူတိုင်းလိုလိုက မှန်တင်ခုံပေါ်မှာ နှစ်ချီ ထားထားတဲ့ မိတ်ကပ်တွေ၊ မျက်လုံး ဆိုးဆေး Eye Shadow တွေ၊ Mascara တွေကိုပဲ အလွယ်တကူ သုံးတတ် ကြပါတယ်။ ဒါပေမဲ့ မုန်တင်ခုံပေါ်က အလှပြင် ပစ္စည်းတွေကို ပစ်တန်ပစ်၊ သိမ်းတန်သိမ်းတာဟာ အရည်အသွေး ပြည့်မီတဲ့ ပစ္စည်းတွေကို သုံးစွဲစေနိုင်ရုံ သာမက ကျန်းမာရေး အတွက်လည်း အထောက်အကူ ပြုပါတယ်။


ဘော်ဒီလိုရှင်း -Body Lotion

ဘော်ဒီလိုရှင်း (Body Lotion) တွေဟာ အေးတဲ့ နေရာတွေမှာ အထားခံပြီး များသောအားဖြင့် ပုလင်းရဲ့ အောက်ခြေမှာ သက်တမ်းလွန်ရက်ကို တွေ့ရတတ်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုရှိပြီး ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် အနည်းဆုံး တစ်နှစ်လောက်တော့ ခံပါတယ်။ သုံးလို့ရ မရ မသိချင်ရင်တော့ အနံ့ခံကြည့်တာက အလွယ်ကူဆုံးနည်း ဖြစ်မှာပါ။ အမြဲ မှတ်ထားရမှာက အလှကုန်ပစ္စည်းတစ်ခုခု အနံ့မကောင်းတော့ရင်၊ ဒါမှမဟုတ် စဝယ်တုန်းကနဲ့ မတူဘဲ ထူးခြားနေရင် ချက်ချင်းလွှင့်ပစ်သင့်တယ် ဆိုတာပါပဲ။ အလှကုန်တွေကို ကောင်းကောင်းသိုခြင်း မရှိတာဟာ သူတို့အရည်အသွေးနဲ့ တာရှည် ခံနိုင်မှုကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အေးတဲ့နေရာနဲ့ နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့တဲ့ နေရာတွေမှာ ထားသင့်ပါတယ်။
မျက်လုံးဆိုးဆေး Eye Shadow
ပုံမှန်ဆိုရင်တော့ မျက်လုံးဆိုးဆေး (Eye Shadow) တွေဟာ အရောင်ထည့်ထားတဲ့ အမှုန့်တွေပဲဖြစ်တဲ့အတွက် နှစ်နှစ်လောက်ထိ တာရှည်ခံပါတယ်။ ခရင်မ်ပုံစံ မျက်လုံးဆိုးဆေး (Eye Shadow) တွေဟာ အရောင်ထည့်ထားတဲ့ အမှုန့်တွေပဲ ဖြစ်တဲ့အတွက် နှစ်နှစ်လောက်ထိ တာရှည်ခံပါတယ်။ ခရင်မ်ပုံစံ မျက်လုံး ဆိုးဆေး (Eye Shadow) တွေကတော့ အချိန်ကြာလာတာနဲ့ အမျှ ပျက်စီး လာတတ်တဲ့ ဒြပ်ပစ္စည်းတွေ ပါဝင်တာကြောင့် သိပ်ကြာကြာ အထားမခံပါဘူး။ ဒါပေမဲ့ မဖောက်သေးပဲ ဒီအတိုင်းကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားမယ် ဆိုရင်တော့ သူ့အရည်အသွေးက မပြောင်းလဲဘဲ ရှိနေနိုင်ပါတယ်။
နှုတ်ခမ်းနီ(၁၈ လ- ၂၄ လထိ)
နှုတ်ခမ်းနီတွေကို အရောင်နဲ့ အဆီတွေကို ပေါင်းစပ်ထုတ် လုပ်ထားတာကြောင့် တာရှည် ခံပါတယ်။ နှုတ်ခမ်းနီ မျက်နှာပြင်မှာ အကွက်သေးသေးလေးတွေ တွေ့ရရင်လည်း သိပ်စိတ်မပူပါနဲ့။ ဒါတွေက အစိုဓာတ်ပြန်တာ ဖြစ်တဲ့အတွက် သုတ်လိုက်လို့ ရပါတယ်။ ဒါပေမဲ့ နှုတ်ခမ်းနီရဲ့ အနံ့နဲ့ အရောင်အသွေးကိုတော့ သတိထားရမှ ဖြစ်ပါတယ်။ တချို့ ကျွမ်းကျင်သူတွေက နှုတ်ခမ်းနီတွေကို တစ်နှစ်လောက် အထားခံတယ်လို့ ပြောကြပေမယ့် တချို့ကတော့ လေးနှစ်လောက်ထိ ခံတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အားလုံးသဘောတူ လက်ခံထားတဲ့ အချက်ကတော့ မကောင်းတဲ့ အနံ့တစ်ခုခုထွက်နေပြီ ဆိုတာနဲ့ ချက်ချင်းလွှင့် ပစ်လိုက်ဖို့ပါပဲ။
အောက်ခံမိတ်ကပ် (၁၂ လ-၁၄ လထိ)
အောက်ခံမိတ်ကပ်တွေဟာ အမျိုးအစားပေါ် လိုက်ပြီး အကြာဆုံး နှစ်နှစ်ထိ ထားနိုင် ပါတယ်။ မိတ်ကပ်ရည်တွေ အထူးသဖြင့် အဆီမပြန်အောင် ထုတ်လုပ်ထားတဲ့ အမျိုးအစားတွေဟာ တခြား မိတ်ကပ်ရည်တွေထက် မြန်မြန် ခြောက်လွယ်တာကြောင့် သိပ်ကြာကြာထားလို့ မရပါဘူး။ ဒါပေမဲ့ အမှုန့်ပုံစံ မိတ်ကပ်တွေ ကတော့ တာရည်အထားခံပါတယ်။ မိတ်ကပ်ရည်ကိုတော့ စဖွင့်လိုက်တာနဲ့ ၁၈လ အတွင်း အသုံးပြုတာ အကောင်းဆုံး ဖြစ်ပါတယ်။ အမှုန့်ပုံစံ မိတ်ကပ်တွေကတော့ အခြောက်ဖြစ်တဲ့ အတွက် ကြာကြာထားလို့ ရပါတယ်။ အရေးကြီးတာကတော့ မိတ်ကပ်ရည် ဖြစ်ဖြစ် အမှုန့်ပုံစံ မိတ်ကပ်ဖြစ်ဖြစ် လိမ်းလိုက်တဲ့အခါ ချောမွေ့မှု ရှိမရှိကို ဂရုပြုဖို့ လိုအပ်ပါတယ်။ ဒါမှ သင့်မိတ်ကပ်ကို လိမ်းဖို့ သင့်တော်သေး မတော်သေး သိရှိနိုင်မှာ ဖြစ်ပါတယ်။
ပါးနီ (၁၂လ - ၂၄ လထိ)
မျက်လုံးဆိုးဆေး (Eye Shadow) တွေလို အမှုန်ပုံစံဖြစ်တဲ့ ပါးနီတွေဟာ ခရင်မ် ပါးနီတွေထက် တာရှည်ပိုခံပါတယ်။ ပါးနီဟာလည်း လူ့အသားအရေက ထွက်တဲ့အဆီတွေနဲ့ ထိတွေမှုကြောင့် ခြောက်သွေ့လာတာ၊ အရောင်ဖျော့တော့ လာတာတွေ ဖြစ်တတ်ပါတယ်။ အချိန် ကြာလာတာနဲ့ အမျှ မှိုတက်လာတာ၊ အရောင်လွယ်လွယ် မထွက်တော့တာ၊ အတုံးအခဲတွေ ဖြစ်လာတာစတဲ့ အသုံးမပြုသင့်တော့တဲ့ လက္ခဏာတွေကို ဂရုပြု စစ်ဆေးသင့်ပါတယ်။
မျက်တောင်ကော့ဆေး -Mascara (၃လ - ၆ လထိ)
အလှကုန် ပစ္စည်းအားလုံးထဲမှာ မျက်တောင်ကော့ဆေး Mascara က အထားမခံဆုံး ပစ္စည်းပါ။ မျက်တောင် ကော့တံကို ထုတ်လိုက်သွင်းလိုက် လုပ်ရတဲ့အတွက် လေနဲ့များများ ထိတွေ့ရပြီး ဗက်တီးရီးယားပိုးမွှားတွေ ပုလင်းထဲဝင်တဲ့ အတွက် ကျန်းမာရေး အတွက် အန္တရာယ် မဖြစ်စေဖို့ သုံးလထက်ပို မသုံးကြဘဲ စွန့်ပစ်သင့်တယ်လို့ အကြံပြုထားပါတယ်။ အသစ်အတိုင်း အဖုံးမဖွင့်ဘဲထားတာ တစ်နှစ်၊ နှစ်နှစ်ရှိပြီ ဆိုရင် စွန့်ပစ်သင့်ပြီး သုံးဖို့ဖွင့်ပြီးပြီး ဆိုရင်တော့ အလွန်ဆုံး ခြောက်လပဲ ထားသင့်ပါတယ်။
ဆံကေသာထိန်းသိမ်းတဲ့ အလှကုန်တွေ
Hair Care Products (၁၈ လ)
ပုံမှန်အားဖြင့် မဖွင့်ရသေးတဲ့ ဆံကေသာ ထိန်းသိမ်းပေးတဲ့ အလှကုန်တွေကို သုံးနှစ်လောက်ထိ ထားနိုင်ပေမယ့်လည်း ဖွင့်ပြီးသွားတာနဲ့ ရေထိတာ၊ ဒါမှမဟုတ် ဗက်တီးရီးယားတွေနဲ့ ထိတွေ့ တာတွေကြောင့် ပစ္စည်းတာရှည်ခံမှု သက်တမ်းဟာ ထက်ဝက်လောက်ထိ လျော့ကျသွားပါတယ်။ ဒါ့အပြင် အချိန် ကြာလာတာနဲ့ အမျှ အောက်ဆီဂျင်၊ အပူဓာတ်နဲ့ အလင်းရောင်တွေဟာ သဘာဝနဲ့ အော်ဂဲနစ် ပါဝင်ပစ္စည်းတွေရဲ့ အရည်အသွေးကိုလည်း ကျဆင်းစေပါတယ်။ ဒီကုန်ပစ္စည်းတွေ အဆင်ပြေတာ တစ်ခုက ရက်လွန်နေပေမယ့်လည်း သုံးစွဲတဲ့အခါ နည်းနည်း ယားယံတာကလွဲပြီး ကြီးကြီးမားမား အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ ဆံကေသာ ထိန်းသိမ်းပစ္စည်းတွေက တော်ရုံအထားခံတဲ့ အတွက် ရက်လွန် ရက်သတ်မှတ်ဖို့ သိပ်မလိုအပ်ပါဘူး။ ထုပ်ပိုးတဲ့ အခါ တစ်ခါတည်း ထည့်သွင်းထားတဲ့ ပါဝင်ပစ္စည်းတွေဟာ အချိန်ကြာလာရင်လည်း ပျက်စီးမသွားတဲ့ အပြင် အပြင်ပတ်ဝန်းကျင်နဲ့ ထိတွေမှုကနေလည်း ကာကွယ်တားဆီးပေး နိုင်ပါတယ်။
ရေဓာတ်ဖြည့် ပစ္စည်းတွေနဲ့ အဆီတွေ Moisturizers & Oil (၃ လ- ၁၂ လထိ)
အလှကုန် ပစ္စည်းတွေ၊ အထူးသဖြင့် အဆီတွေနဲ့ အပင်တွေကနေ ထုတ်ယူထားတဲ့ ပါဝင်ပစ္စည်းတွေ ထည့်သွင်းထားမယ် ဆိုရင် သူတို့ ဖော်စပ်ထားပုံပေါ် မူတည်ပြီး မြန်မြန် သုံးစွဲသင့်ပါတယ်။ အကြောင့်ကတော့ ဒီသဘာဝ ပစ္စည်းတွေဟာ အချိန်အတိုင်း အတာ တစ်ခုရောက်တာနဲ့ အာနိသင် ပျက်ပြယ်သွားတတ်လို့ပါ။ အလှကုန် အများစုကတော့ ပစ္စည်းအရည်အသွေးကို အထိရောက်ဆုံး အသုံးချစေနိုင်ဖို့ သက်တမ်းလွန်ရက်တွေကို သတ်မှတ်ပေးထားပါတယ်။ UV၊ အပူစတာတွေနဲ့ ထိတွေ့တာဟာ ပစ္စည်းတွေ တာရှည်အထားခံမှုကို အကျိုး သက်ရောက် စေနိုင်တာကြောင့် အခန်းအပူချိန်မှာပဲ ထားရှိပြီး နေရောင်ခြည် တိုက်ရိုက် ထိတွေ့မှုကနေလည်း ရှောင်ရှားရမှာ ဖြစ်ပါတယ်။
Ref: Life Style

မူရင်းစာမျက်နာသို့

Thursday, October 25, 2012

Beauty Tip : How to apply blush for your different face shapes :)

မူရင်းစာမျက်နာသို့

ဆံပင်ကျွတ်စေသော အကြောင်းအရာများအတွက် ဖြေရှင်းနည်း

by ရွှေမြန်မာများအတွက် ShweBeauty on Wednesday, October 24, 2012 at 11:20am ·


မိန်းကလေးတစ်ယောက်အတွက် ဆံပင်က သူရဲ့ အလှတရားပါ။ သုတေသီတွေက ဆံပင်ဟာ လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကို ဖော်ညွှန်းနိုင်တယ်လို့ မှတ်ချက် ပြုပါတယ်။

၁။ သိုင်းရွိုက် ပြဿနာများ

သိုင်းရွိုက်ဆိုတာ သင့်လည်ပင်းရဲ့ အခြေလေးမှာ ရှိနေတဲ့ လိပ်ပြာပုံသဏ္ဌာန် ဂလင်းတစ်ခုပါ။ သိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှု အတော်များများကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးတဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ အဲဒီဂလင်းက ပုံမှန် မဟုတ်ဘဲ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု နည်းတာ၊ များတာတွေ ဖြစ်တဲ့အခါ ဆံပင်ပေါက်တဲ့ ဖြစ်စဉ်ကလည်း လွဲချော် သွားတတ်ပါတယ်။ ဒါပေမဲ့ သိုင်းရွိုက်ရောဂါကြောင့် ဆံပင်ကျွတ်တာကို တခြား ရောဂါလက္ခဏာတွေ ဖြစ်တဲ့ ကိုယ်အလေးချိန် တက်တာ၊ ကျတာ၊ အပူ၊ အအေးဒဏ် မခံနိုင်တာနဲ့ နှလုံးခုန်နှုန်း ပြောင်းလဲတာတွေလောက် မတွေ့ရတတ်ပါဘူး။

၂။ ခန္ဓာကိုယ် ခုခံအားစနစ်က တိုက်ခိုက်ခြင်း

ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဆံချည်မျှင် အိတ်တွေကို မှားယွင်း တိုက်ခိုက်တာကြောင့် ဆံပင်ကျွတ်ရတာပါ။ တွေ့ရခဲတဲ့ ရောဂါ တစ်ခုပါ။ ဒါပေမဲ့ ကျွတ်သွားတဲ့ ဆံပင်နေရာမှာ နောက်ခြောက်လကနေ တစ်နှစ်အတွင်း ဆံပင်အသစ်တွေ ထပ်ထွက်လာပါတယ်။

၃။ ပွေးပေါက်ခြင်း

ဦးရေပြားမှာ ပွေးပေါက်တဲ့အခါ မှိုပိုးကြောင့် ဦးရေပြား ယားယံတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေပါတယ်။ မှိုပိုးသတ်ဆေးနဲ့ ကုသရပါမယ်။ မှိုပိုးက တိုက်ရိုက် ထိမိတဲ့ နေရာတွေကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။

၎။ ကလေးမွေးဖွားခြင်း

တချို့ မိန်းကလေးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်တွေ များလာတတ်တာကို သတိပြုမိတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းတွေ များလာတာကြောင့် ဆံပင်တွေ မကျွတ်ဘဲ ခဏတာ ရပ်တန့်နေတာပါ။ ဒါဟာ ပုံမှန်ပါပဲ။ ကလေးမွေးပြီးချိန်မှာတော့ ဟော်မုန်း ပမာဏက ပုံမှန် အခြေအနေကို ပြန်ရောက်သွားတာကြောင့် ရပ်တန့်နေတဲ့ ဆံပင်တွေက အလျင်အမြန် ကျွတ်ကျလာပါတယ်။ တစ်ချိန်တည်းမှာ ဆံပင်တွေ အများကြီး ကျွတ်သွားတာကြောင့် အံ့အားသင့်နိုင်ပါတယ်။ နောင်နှစ်နှစ် ကြာတဲ့အခါ ဆံပင်တွေ နဂိုအတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ်။

၅။ ဆေးဝါးများ သောက်သုံးရခြင်း

ပဋိသန္ဓေတားဆေးတွေက ဆံပင် ကျွတ်စေပါတယ်။ သားဥကြွေတဲ့ ဖြစ်စဉ်ကို ဖိနှိပ်ထားတဲ့ ဟော်မုန်းတွေက တချို့ မိန်းကလေးတွေမှာ ဆံပင် ကျွတ်စေပါတယ်။ မိဘမျိုးရိုးမှာ ဆံပင်ကျွတ်ဖူးတဲ့ ရာဇဝင်ရှိရင် သင်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ တချို့ မိန်းကလေးတွေကတော့ ပဋိသန္ဓေတားဆေး သုံးနေရာမှ ဖြတ်လိုက်တဲ့အခါ ဆံပင် ကျွတ်တတ်ပါတယ်။ သွေးကျဲဆေး၊ သွေးပေါင် ထိန်းညှိပေးတဲ့ တချို့ ဆေးဝါးတွေ၊ နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ အရိုးအဆစ် ရောင်ရမ်းနာတွေအတွက် အသုံးပြုရတဲ့ တချို့ ဆေးတွေကလည်း ဆံပင်ကျွတ်တာနဲ့ ဆက်စပ်မှု အနည်းငယ်ရှိပါတယ်။

၆။ အစာ လျှော့စားခြင်း

သင်က ကိုယ်အလေးချိန် လျှော့ချချင်လို့ အစားအသောက်တွေ လျှော့ချ စားသောက်နေတာကြောင့်လည်း ဆံပင်ကျွတ်တာကို ဖြစ်စေပါတယ်။ ကိုယ်အလေးချိန် လျှော့ချလိုက်တာ ၁၅ ပေါင် လျော့ကျသွားပြီး သုံးလကနေ ခြောက်လအတွင်း ဆံပင် ကျွတ်လာတာကို သင်သတိထားမိမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးရင် ဆံပင်တွေ ပြန်ပေါက်လာနိုင်ပါတယ်။

၇။ ဆံပင်စတိုင်

ဦးရေပြားကနေ ကျစ်ဆံမြီး သေးသေးလေးတွေကို တင်းတင်း ကျစ်ထားတာကလည်း ဆံပင်ကျွတ်စေပါတယ်။ ကျစ်ဆံမြီးကို ဖြေလိုက်ပါက တဖြည်းဖြည်းနဲ့ ပုံမှန် ဆံပင် အနေအထားကို ပြန်ရောက်နိုင်ပါတယ်။ ဒီဆံပင်စတိုင်ကို ကြာရှည် စွဲမြဲစွာ ပြုလုပ်ထားပါက ဆံပင် ကျွတ်တာကို ပိုဆိုးစေပါတယ်။

၈။ ကင်ဆာရောဂါ ကုသနေခြင်း

ကင်ဆာရောဂါ ကုသမှုနှစ်ခုဖြစ်တဲ့ ခီမိုဆေးတွေ ပေးတာနဲ့ ဓာတ်ရောင်ခြည်နဲ့ ကုသတာတွေရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ ဆံပင် ကျွတ်စေပါတယ်။ ဒီကုသမှု နှစ်ခုစလုံးက ဆံချည်မျှင် အိတ်တွေကို ထိခိုက်စေတာကြောင့် ဆံပင်ကျွတ်စေပါတယ်။ ဆံပင်ကျွတ်တာက အမြဲဖြစ်နေမှာတော့ မဟုတ်ပါဘူး။ ကုသမှု ပြီးမြောက်လို့ ဆေးဖြတ်လိုက်တဲ့အခါ ဆံပင် ပြန်ပေါက်လာပါတယ်။

၉။ ဖိစီးမှု များလွန်းခြင်း

ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းမှုတွေ အလွန်အမင်း များလွန်းတဲ့အခါ ဦးရေပြားမှာ ရှိနေတဲ့ ဆံပင်တွေရဲ့ လေးပုံတစ်ပုံလောက်က ရုတ်တရက် ကျွတ်နိုင်ပါတယ်။

၁၀။ ကျန်းမာရေး မကောင်းခြင်း

ကျန်းမာရေး မကောင်းတာကြောင့် ဆံပင်ကျွတ်တာက ခြောက်လကနေ ရှစ်လအထိ ဖြစ်နိုင်ပါတယ်။ ဥပမာ- အလွန်အမင်း နေမကောင်းဖြစ်ခြင်း၊ အကြီးစားခွဲစိတ်မှု ပြုလုပ်ထားခြင်း၊ ထိခိုက်မှုကြောင့် သွေးဆုံးရှုံးမှု ဖြစ်ပေါ်ခြင်း၊ စိတ်ဒဏ်ရာ ကြီးကြီးမားမား ရခြင်း စတာတွေကြောင့်လည်း ဆံပင် ကျွတ်နိုင်ပါတယ်။

ဆံပင်ကျွတ်ခြင်းအတွက် ကုသမှု

၁။ ဆေးဝါးဖြင့် ကုသခြင်း

မိန်းကလေးတွေမှာ ဆံပင်ကျွတ်တာအတွက် ကုသဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနက Minoxidil ဆေးကို အတည်ပြု ထားပါတယ်။ ဒီဆေးက မိန်းကလေးအများစုမှာ ဆံပင်ကျွတ်တာကို နှေးသွားစေတာ ဒါမှမဟုတ် လုံးဝ ရပ်တန့်သွားစေပါတယ်။ ဒါ့အပြင် ဆံပင် ပြန်ပေါက်စေဖို့လည်း အားပေးပါတယ်။ ဆံပင်ကျွတ်တဲ့ တချို့ မိန်းကလေးတွေမှာ ကော်တီကိုစတီးရွိုက်ဆေးက ဆံပင် ပြန်ပေါက်စေပါတယ်။ ခန္ဓာကိုယ်မှာ တခြားရောဂါတွေ ခံစားနေရပါက ကုသမှု ခံယူတာ၊ အာဟာရ မျှတအောင် စားတာတွေကလည်း ဆံပင် ပြန်ထွက်စေပါတယ်။

၂။ လေဆာဖြင့် ကုသခြင်း

ဆံပင်ကျွတ်တာအတွက် လေဆာနဲ့ ကုသမှု ခံယူနိုင်ပါတယ်။ လေဆာရောင်ခြည် အနည်းငယ် ပေးပြီး ဆံပင်ပြန်ထွက်စေဖို့ လှုံ့ဆော်မှု ပြုလုပ်တာပါ။ ဆေးခန်းမှာ ပြုလုပ်နိုင်သလို အိမ်မှာ ကိုယ့်ဘာသာ ပြုလုပ်နိုင်တဲ့ ပစ္စည်းတွေလည်း ပေါ်နေပါပြီ။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနက စမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။ မကြာခင်မှာ တိကျတဲ့ အဖြေထွက်ပေါ်လာမှာပါ။ ဆံပင်ကျွတ်တာအတွက် ရေရှည် သုံးစွဲပါက ထိရောက်မှု ရှိ၊ မရှိနဲ့ ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ၊ မရှိကတော့ မသိရှိရသေးပါဘူး။

၃။ လိမ်းဆေးများဖြင့် ကုသခြင်း

ဆေးတွေကတော့ အမျိုးစုံ ပေါ်နေတာပါ။ သင်နဲ့ သင့်တော်မှုရှိတဲ့ အမျိုးအစားကို ရွေးချယ် အသုံးပြုရမှာပါ။ ဝယ်ယူတဲ့အခါ အရေပြား အထူးကုရဲ့ ထောက်ခံမှု၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနရဲ့ ထောက်ခံမှုတွေပါ ရှိ၊ မရှိ သေချာအောင် စစ်ဆေး ကြည့်ပြီးမှ ဝယ်ယူ သုံးစွဲပါ။

ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
Ref:Good Health
မူရင်းစာမျက်နာသို့

Saturday, October 20, 2012

Taung Gyi Mauk Mai

Our product reflects our commitment to excellence, effective results and value for buying. For the sake of the customer's wellbeing, we regularly test our product in prestigious Singapore laboratory named PSB which is a combined laboratory of Germani & Singapore. Our Thanakha producing factory always abide by the rules laid down by the FDA ( Myanmar ) if you are interested in our product, you can contact us by phone or by mails. You are free to give comments regarding our product and we willingly welcome your comments and adivce. Our product is producted by ISO 9001-2008 certified company and our product is approved by the Food and Drug Administration body of Myanmar.

 http://www.taunggyi-maukmai.com/

Cruset

  
Ultra Hold, Ultra shine, non flake, non sticky feel
http://www.cruset.net

Now How Skin Care


Now How Roll-on


Now How ခရမ်ပတ်


Now How ပါးနီ


Now How မျက်နာလိမ်းပေါင်ဒါ


Now How မိတ်ကပ်


Now How Moisture Cake







utena



Now How Lip Stick


Now How


Sunday, October 14, 2012

အရေပြားဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်ကဲ့သို့ ဈေးဝယ်တတ်စေရန်

By Good Health

မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး လက်ရှိ သုံးနေတဲ့ အသားအရေထိန်း ပစ္စည်းတွေက ဘာမှ မထူးခြားစေပါလားလို့ တွေးတောနေမိပါသလား။  သင့်အသားအရေ အတွက် တကယ် ထိရောက်တဲ့ အသားအရေထိန်း ပစ္စည်းတွေကို ဝယ်ယူ အသုံးပြုတတ်စေဖို့ အရေပြားဆိုင်ရာ ကျွမ်းကျင်သူတွေ ဝယ်ယူတတ်ကြတဲ့ အသားအရေထိန်း ပစ္စည်းတွေ အကြောင်းကို အကြံပြု ရေးသားလိုက်ရပါတယ်။

၁။ ဖောင်ဒေးရှင်းမိတ်ကပ် (Foundation)

အထူးသဖြင့် ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင် အမျိုးသမီးတွေ အနေနဲ့ အထူး သတိထားဖို့ပါ။ မျက်နှာ အသားအရေကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေ မပါဝင်တဲ့ သဘာဝ (Natural) ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ဖောင်ဒေးရှင်း မိတ်ကပ်ကိုသာ ဝယ်သင့်ပါတယ်။

၂။ မျက်နှာဆေး ဆပ်ပြာရည် (Cleanser)

အစိုဓာတ် (Moisture) ပါတဲ့ မျက်နှာဆေး ဆပ်ပြာရည်ကို သုံးမှသာ မျက်နှာကို သန့်စင် ဆေးကြောပြီးတဲ့ အခါမှာလည်း ခြောက်သွေ့မသွားဘဲ မျက်နှာ စိုပြည်နေမှာ ဖြစ်ပါတယ်။

 ၃။ လက်သည်း သန်စွမ်းစေသော ဆေး (Nail Strengthener)

ပရိုတင်းဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်တို့ ပေါများစွာ ပါဝင်တဲ့ လက်သည်း သန်စွမ်းစေတဲ့ ဆေးကို တစ်ပတ်တစ်ကြိမ် ဆိုးပေးရင် လက်သည်းနီ ဆိုးတာကြောင့် လက်သည်းတွေ ထိခိုက်ပျက်စီးမှု မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။

၎။ အရေးကြောင်း တိုက်ဖျက်ဆေး (Wrinkle Fighter)

လက်ဖက်စိမ်း b လက်ဖက်ခြောက် Hyaluronic acid နဲ့ ရက်တီနော (Retinol) ပါတဲ့ အမျိုးအစားကို ဝယ်ပါ။ လက်ဖက်စိမ်း လက်ဖက်ခြောက်က အရေပြား စပ်ဖျဉ်းဖျဉ်း ဖြစ်တာကို လျော့ပါးစေပြီး Hyaluronic acid က အစိုဓာတ် ပြည့်ဝစေပါတယ်။ အရေးကြောင်း ကင်းပြီး ဆဲလ်တွေ သန်စွမ်းနုပျိုအောင် ရက်တီနော (Retinol) က အားဖြည့်ပေးပါတယ်။

 ၅။ နေရောင်ကာခရင်မ် (Sunscreen)

နေရောင်ကို ကာကွယ်နိုင်တဲ့ SPF ၅၀ နဲ့ အထက် ပါတဲ့ နေရောင်ကာခရင်မ်ကို လိမ်းပြီးမှ အိမ်အပြင် ထွက်ပါ။

၆။ မျက်ဝန်းအတွက် ကွန်ဆဲလ်လာ (Undereye  Concealer)

ညိုနေတဲ့ မျက်ကွင်းကို ဖုံးအုပ်ဖို့ အတွက် အဝါရောင်ကို အခြေခံတဲ့ ကွန်ဆဲလ်လာက အကောင်းဆုံးပါ။ ကွန်ဆဲလ်လာ လိမ်းပြီးတဲ့ အချိန်မှာ မျက်နှာကို ပိုတောက်ပပြီး လန်းဆန်းသွားတတ်ပါတယ်။

၇။ အသားအရေကို တောက်ပစေသည့် လိုးရှင်း (Skin Refresher)

အင်တီအောက်ဆီဒင့်နဲ့ ကဖင်းဓာတ်ပါတဲ့ လိုးရှင်းဟာ အသားအရေကို ချက်ချင်းလက်ငင်း တောက်ပစေပါတယ်။

၈။ နှုတ်ခမ်းအဆီ  (Lip  Balm)

ဗာဒံစေ့ဆီနဲ့ ရှားစောင်းပါတဲ့ နှုတ်ခမ်းအဆီကြည်ဟာ နှုတ်ခမ်းသားတွေကို ချောမွတ်ကာ တင်းရင်းစေပါတယ်။ နေရောင်ကာနိုင်တဲ့ အမျိုးအစားကို ဝယ်ပါ။

 ၉။ ခန္ဓာကိုယ်လိမ်း လိုးရှင်း (Body Lotion)

သံလွင်ဆီ Shea butter နဲ့ ဓာတ်မတည့်မှု မဖြစ်စေတဲ့အရာ (Anti irritants) တွေ ပေါင်းစပ်ပါဝင်တဲ့ ခန္ဓာကိုယ်လိမ်း လိုးရှင်းဟာ ယားယံမှုကို ကင်းစေပြီး အစိုဓာတ်ကို ထိန်းထားပေးနိုင်ပါတယ်။

၁ဝ။ မျက်နှာပေါင်းတင် ကပ်ခွာ (Face Mask)

Kaolin Clay ပါတဲ့ မျက်နှာပေါင်းတင် ကပ်ခွာဟာ ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ မျက်နှာအသားအရေ ခြောက်တယ်လို့ မခံစားရဘဲ အသားအရေ တင်းရင်း တောက်ပစေတာကြောင့် သုံးသင့်ပါတယ်။

၁၁။ မျက်ဝန်းလိမ်း ခရင်မ် (Eye Cream)

ကြေးနီ (Copper) နဲ့ သွပ်ဓာတ် (Zinc) တို့ ပေါင်းစပ်ပါဝင်တဲ့ မျက်ဝန်းလိမ်း ခရင်မ်ဟာ သီတင်းပတ် ကိုးပတ်အတွင်း အရေပြားတင်းရင်းကာ အရေးကြောင်းတွေ ပါးလာစေပါတယ်။ မျက်ဝန်းလိမ်း ခရင်မ်မှာ ဂလစ်ဆရင် (Glycerin) နဲ့ Dimethicone တို့ ပါဝင်ရင် အရေပြားကို ပိုချောမွေ့စေပါတယ်။

ဇွန်

မူရင်းစာမျက်နာသို့

ကမ္ဘာတစ်ဝန်းမှ အရေပြား အထူးကု ဆရာဝန်တို့၏ အသားအရေ ထိန်းသိမ်းနည်း ဆိုင်ရာ အမေးအဖြေများ

အသားအရေထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး လူအများ သိချင်ကြတဲ့ မေးခွန်းတွေကို နယူးယောက်၊ ဘော့စတွန် အစရှိတဲ့ နေရပ် အသီးသီးမှ အရေပြားအထူးကု ဆရာဝန်ကြီးတွေက ဖြေကြား ပေးထားတာ ဖြစ်ပါတယ်။



အသက် ၃၀ ကျော်ချိန်မှာ ပေါက်တဲ့ ဝက်ခြံတွေ ပျောက်အောင် ဘယ်လို ကုသသင့်ပါသလဲ။

ဝက်ခြံတွေ ပျောက်အောင် ရက်တီနော (Retinol) ကို လိမ်းပေးနိုင်ပါတယ်။ ရက်တီနောပါတဲ့ ခရင်မ်လိမ်းတာက အရေပြားဆဲလ်တွေ တည်ဆောက် ဖြိုခွဲတဲ့စနစ်ကို တိုးစေပြီး အသားအရေ ခြောက်သွေ့စေပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်း ခရင်မ်နဲ့ တွဲလိမ်းပါ။

ကျွန်မအနေနဲ့ ရေလည်း များများသောက်ပါတယ်။ အိပ်ရေးဝဝလည်း အိပ်ပါတယ်။ ဒါပေမဲ့ မျက်ကွင်းညိုနေတုန်းပဲ။ ဘာလုပ်သင့်ပါသလဲ။



မျက်ကွင်းညိုတာက မျိုးရိုးနဲ့ အကြီးအကျယ် ဆက်စပ်မှုရှိပါတယ်။ Niacinamide၊ CaffeineeJY Retinol တို့ပါတဲ့ မျက်ဝန်းလိမ်း အိုင်းခရင်မ်က မျက်ဝန်းတစ်ဝိုက်ကို တောက်ပ လင်းလက်စေပါတယ်။ အိပ်တဲ့အခါ ဦးခေါင်းကို မြှင့်ပြီး အိပ်သင့်ပါတယ်။

မျက်ခုံးနှစ်ခုကြားမှာ အရေးကြောင်း ထင်းထင်းကြီး ပေါ်နေပါတယ်။ သက်သာအောင် ဘယ်လို လုပ်သင့်ပါသလဲ။

မျက်မှောင်ကြုတ်ပြီး စာဖတ်တာလို မျက်နှာကို ရှုံ့တာမျိုးကို တတ်နိုင်သမျှ ရှောင်ပါ။ မျက်မှန်တပ်ပြီး စာဖတ်ပါ။ Retinol ဒါမှမဟုတ် ဗီတာမင်စီ ပါဝင်တဲ့ ခရင်မ်ကို လိမ်းပေးပါ။ အကောင်းဆုံးနဲ့ အမြန်ဆုံး အာနိသင်ရဖို့ဆိုရင် ဘိုတော့စ် (Botox) ထိုးပေးပါ။

အသားအရေထိန်း ပစ္စည်းတွေကို လိမ်းတဲ့အခါ မှန်ကန်တဲ့ နည်းလမ်းက ဘာပါလဲ။

အသားအရေထိန်း ပစ္စည်းတွေမှာ အပါးဆုံးကို အရင်လိမ်းပြီးမှ ထူတာတွေကို ဆက်လိမ်း သွားသင့်ပါတယ်။ အရည်၊ ဂျဲလ်ဆီကြည် စတာတွေကို အရင်ဆုံး စလိမ်းပြီးမှ အပေါ်က ခရင်မ်နဲ့ လိုးရှင်းကို လိမ်းသင့်ပါတယ်။

နှုတ်ခမ်းတစ်ဝိုက်က အရေးကြောင်းပါးပါးတွေကို သက်သာအောင် ဘယ်လိုလုပ်သင့်ပါသလဲ။

နှုတ်ခမ်းကို စူထားတဲ့ ပုံစံမျိုး မလုပ်ပါနဲ့။ ဆေးလိပ်မသောက်ပါနဲ့။ ပိုက်နဲ့ အရည်သောက်တာကို ထိန်းချုပ်ပါ။ ညဘက်မှာ ရက်တီနောခရင်မ် လိမ်းပြီး နံနက်မှာ နေကာခရင်မ် လိမ်းပါ။

မှောက်ပြီး အိပ်တာက မျက်နှာမှာ အရေးကြောင်း ထင်နိုင်ခြေ များပါသလား။

များပါတယ်။ ပက်လက်လှန်ပြီး အိပ်တာက မျက်နှာအရေပြားအတွက် အကောင်းဆုံး အနေအထားပါ။ ဦးခေါင်းကိုမြှင့်ပြီး အိပ်တာက အိပ်ရင်း လူးလှိမ့်နိုင်ခြေ နည်းပြီး မှောက်အိပ်တာမျိုး မဖြစ်စေနိုင်ပါဘူး။



နုပျိုသန်စွမ်းတဲ့ အရေပြား ဖြစ်ဖို့အတွက် ဘာတွေကို စားပေးသင့်ပါသလဲ။



သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေလို အစားအသောက်တွေကို များများစားပါ။ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီးနဲ့ ပန်းဂေါ်ဖီစိမ်းတွေကို များများစားပါ။



အိုမင်းမှုတားပစ္စည်း (Anti-aging Product) ကို ဘယ်လောက်ကြာကြာ သုံးမှ အကျိုး ထိရောက်မှု ရှိလာမှာလဲ။



စိတ်ရှည်ရှည်ထားပါ။ အသားအရေ လှပတင်းရင်းမှု ရှိစေဖို့ အချိန် လေးပတ်-ခြောက်ပတ်လောက်တော့ စောင့်ရပါတယ်။ အကောင်းဆုံးရလဒ်ကို ရဖို့ဆိုရင်တော့ အချိန် သုံးလလောက်စောင့်ဖို့ လိုပါတယ်။

မျက်နှာကို ပင့်တင်ပေးတဲ့ အစိုဓာတ်ထိန်း ခရင်မ် (Lifting Moisturizers) က တကယ် အစွမ်းထက်ရဲ့လား။

သင်သုံးတဲ့ အစိုဓာတ်ထိန်း ခရင်မ်မှာ ရက်တီနော (Retinol) နဲ့ အစိုဓာတ် ထိန်းပေးတဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်ရင် အရေပြားကို တင်းရင်း ပြည့်ဖြိုးစေပါတယ်။ ဒါပေမဲ့ အရေပြားကို ပင့်တင်ပေးလိမ့်မယ်လို့တော့ မမျှော်လင့်ပါနဲ့။



မျက်နှာပေါ်က အမွေးအမှင်တွေကို ဘယ်လို ဖယ်ရှားရမလဲ။



ဒါတွေက ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်တတ်ပါတယ်။ မျက်နှာပေါ်က အမွေးတွေက နက်ပြီး ကြမ်းတမ်းနေသလား။ လေဆာနည်းနဲ့ အမွေးတွေကို ဖယ်ရှားပေးတာက အကောင်းဆုံးနည်း ဖြစ်ပါတယ်။ မျက်နှာပေါ်က အမွေးတွေက နူးညံ့နေရင်တော့ အရောင်ချွတ်တဲ့နည်း၊ ဖယောင်းသွင်းပြီး ချွတ်တဲ့နည်း (Waxing) တွေကို သုံးပြီး ချွတ်နိုင်ပါတယ်။



မျက်လုံးအောက်မှာ ဓာတ်မတည့်မှုကြောင့် ဖောင်းအစ်ပြီး ရောင်နေပါတယ်။ ဘယ်လို ကုသသင့်ပါသလဲ။



ဓာတ်မတည့်မှုဖြစ်တဲ့ အရာကို အရင် ကုသလိုက်ပါ။ ဒါဆိုရင် မျက်အိတ်ဖောင်းတာက အလိုလို လျော့ကျသွားပါလိမ့်မယ်။

မျက်နှာကို ဘယ်လောက်ကြာမှာ တစ်ကြိမ် ကြေးချွတ် သန့်စင်သင့်ပါသလဲ။

မျက်နှာကို ကြေးချွတ် သန့်စင်မှု များလွန်းတာက အရေပြား စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ပေါက်ပြဲတာနဲ့ နာကျင်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရေပြားကို တစ်ပတ်တစ်ကြိမ် ညင်ညင်သာသာ ကြေးချွတ်ပေးပါ။ ပြီးရင် အစိုဓာတ်ထိန်းပေးပါ။



ပခုံးနဲ့ ရင်ဘတ်မှာ ရှိတဲ့ မှဲ့ခြောက်တွေကို ဘယ်လို ဖယ်ရှားရမလဲ။



အဲဒီအရာတွေက မှဲ့ခြောက် ဟုတ်၊ မဟုတ် အရေပြားကို သေချာစစ်ဆေးပါ။ အရေပြားကင်ဆာနဲ့ မှားနေနိုင်လို့ပါ။ တကယ်လို့ မှဲ့ခြောက်ဆိုတာ သေချာရင် လေဆာနည်းနဲ့ ဖယ်ရှားသင့်ပါတယ်။



ကျွန်မရဲ့ အသားအရေက အဆီပြန်ပြီး ချွေးပေါက် ကျယ်ကြီးတွေလည်း ရှိပါတယ်။ ပျောက်ကင်းအောင် ဘယ်လို လုပ်နိုင် ပါသလဲ။



ဂလိုင်ကောလစ် အက်စစ် (Glycolic Acid) ဒါမှမဟုတ် ဆလီးဆလစ်အက်စစ် (Salicylic Acid) နဲ့ ရက်တီနောပါတဲ့ အသားအရေထိန်းပစ္စည်း အမျိုးအစားကို လိမ်းပါ။ နေရောင်ကာ ခရင်မ်ကို မဖြစ်မနေ လိမ်းသင့်ပါတယ်။ နေဒဏ်ကို ခံရရင် အရေပြားက ပိုမို အဆီပြန်နိုင်ပြီး ချွေးပေါက်တွေလည်း ကျယ်လာပါလိမ့်မယ်။

ကျွန်မခန္ဓာကိုယ်မှာ အနီရောင် အစက်အပြောက်တွေကို တွေ့နေရပါတယ်။ ဘာလုပ်သင့်ပါသလဲ။

မမြင်ရဘဲနဲ့ ပြောဖို့ဆိုတာ ခက်ပါတယ်။ နှင်းခူ ဒါမှမဟုတ် ဆိုးရီးယေးစစ် အရေပြားအနာ ဒါမှမဟုတ် အပူဒဏ်ကြောင့် ဖြစ်တဲ့ နီမြန်းမှုနဲ့ ဓာတ်မတည့်မှု စတာတွေထဲက တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ အရေပြား အထူးကုဆရာဝန်နဲ့ ပြလိုက်ပါ။ ပြီးရင် ကုသမှု ခံယူသင့်ပါတယ်။

မျက်ခွံတွဲကျတာကို ဘယ်လို ပင့်တင် ပေးနိုင်ပါသလဲ။

ရက်တီနော (Retinol Cream) က ကော်လာဂျင် ထုတ်လုပ်မှု ကောင်းစေပြီး မျက်ခွံတွဲကျတာကို လျော့ကျစေပါတယ်။ အကောင်းဆုံးရလဒ်ကို ရချင်တယ်ဆိုရင်တော့ လေဆာနည်း ဒါမှမဟုတ် Chemical Peel နည်းနဲ့ ကုသဖို့ အရေပြားအထူးကု ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

မျက်နှာနဲ့ လက်တွေပေါ်မှာ အညိုရောင် အစက်အပြောက်တွေ ရှိနေပါတယ်။ ဘယ်လိုနည်းနဲ့ ပျောက်အောင် လုပ်သင့် ပါသလဲ။

ရက်တီနော(Retinol)၊ ပဲပိစပ်(Soy)၊ နွယ်ချို (Licorice) နဲ့ ကိုဂျစ်အက်စစ် (Kojic Acid) ပါတဲ့ ခရင်မ်ကို လိမ်းမယ်ဆိုရင် အသားအရေကို လင်းလက် တောက်ပစေပါတယ်။ တကယ်လို့ လေဆာနည်းနဲ့ ကုသမှု ခံယူမယ်ဆိုရင် အကောင်းဆုံး ရလဒ်ကို ရရှိစေပါလိမ့်မယ်။ နေ့စဉ် နေကာခရင်မ်ကို လိမ်းဖို့ မမေ့ပါနဲ့။

နေ့တိုင်း မိတ်ကပ်တွေကို တစ်မျက်နှာလုံး အပြည့် လိမ်းတာက အသားအရေကို ထိခိုက်စေနိုင်ပါသလား။

မိတ်ကပ်တွေ လိမ်းပြီး မအိပ်ဘူးဆိုရင်တော့ ဘာမှ မဖြစ်နိုင်ပါဘူး။ မိတ်ကပ်တွေက ချွေးပေါက်တွေကို ပိတ်စေနိုင်တာကြောင့် ညမှာ အရေပြား လေဝင်လေထွက် မကောင်းတော့တာမျိုး ဖြစ်တတ်လို့ပါ။ မိတ်ကပ်တွေကို ဖယ်ရှား သန့်စင်ပြီး အိပ်စက်မှသာ ညမှာ အရေပြားက လေဝင်လေထွက် ကောင်းနေမှာ ဖြစ်ပါတယ်။ 

မူရင်းစာမျက်နာသို့

သင့် အသားအရေ အတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် အရာ(၁၀)မျိုး:



သင့် အသားအရေက သင့်အကြောင်းကို  ပြောပြနိုင် ပါတယ်။ သင့် အသားအရေကို ကြည့်ပြီး သင် ရေဓာတ် ပြည့်ဝရဲ့လား၊ အစားအသောက်ကို အာဟာရ ညီညွတ်အောင် စားရဲ့လား၊ နေရောင်ခြည်ဒဏ် မခံရအောင် ရှောင်ရဲ့လား စတဲ့ အချက်တွေကို သင့် အသားအရေကို ကြည့်ပြီး သိရှိနိုင်ပါတယ်။ အရေပြား ဆရာဝန်က သင့် အသားအရေကို ကြည့်ရှု စစ်ဆေးပြီး အချိန် တစ်မိနစ်၊ နှစ်မိနစ် အတွင်းမှာပဲ သင့် ကျန်းမာရေး အခြေအနေကိုပါ မှန်းဆနိုင်ပါတယ်။
အရေပြား ကျန်းမာရေးဟာ ခန္ဓာကိုယ် အတွက် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်မှု ရှိ၊ မရှိ ဆိုတဲ့ အချက်အပေါ်မှာ အများကြီး မူတည်နေလို့ပါ။ သင့် အသားအရေ ကျန်းမာ လှပရေး အတွက် မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အချက်တွေကို လမ်းညွှန် ဖော်ပြလိုက် ရပါတယ်။
၁) မိတ်ကပ်များ နှင့် ဘယ်သောအခါမှ မအိပ်သင့်ပါ
မိတ်ကပ် လိမ်းခြယ် ထားတဲ့ မျက်နှာကို သန့်စင် ဆေးကြောတာမျိုး မလုပ်ဘဲ အိပ်စက်တာက အဖုအပိမ့် ပေါက်တာနဲ့ နီမြန်းတာတွေကို ဖြစ်စေပြီး အချိန် ကြာလာတဲ့ အခါမှာ အသားအရေကို ထိခိုက်စေနိုင် ပါတယ်။ မိတ်ကပ် အကြွင်းအကျန် တွေကြောင့် ချွေးပေါက် ပိတ်တာ၊ အရေပြား ရောင်ရမ်းတာနဲ့ ပျက်စီးတာတွေကို ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် ညအိပ်ရာ မဝင်ခင်မှာ အရေပြားကို နူးညံ့တဲ့ ဆပ်ပြာနဲ့ ဆေးကြော သန့်စင် ပေးပါ။
၂) တာရှည် ခံအောင် ပြုပြင်ထားသော အစာများကို လျှော့စားပါ
တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေက သကြား၊ ဆား၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီနဲ့ ပြုပြင်ထားတဲ့ ကောက်နှံစာတွေနဲ့ ပြည့်နေပါတယ်။ ဒီအရာတွေကို စားသုံးလိုက်လို့ ခန္ဓာကိုယ်ထဲ ရောက်သွားချိန်မှာ အရေပြားရဲ့ ကျန်းမာရေးကို ကောင်းကျိုး မပေးနိုင်ပါဘူး။ ပြုပြင်ထားတဲ့ အစာတွေ စားမယ့် အစား သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံ ချွတ်မထားတဲ့ ကောက်နှံစာတွေကို စားပေးမှသာ ဗီတာမင်၊ သတ္တုဓာတ် နဲ့ တခြား မရှိမဖြစ် အာဟာရ ဓာတ်တွေ ရရှိပြီး အသားအရေ နဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေ ပါတယ်။
၃) ကောင်းသော အဆီကို စားပါ
အိုမီဂါသရီး ဖက်တီးအက်စစ် ဆိုတဲ့ အဆီကတော့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တာကြောင့် အသားအရေကို ကျန်းမာ လှပစေ ပါတယ်။ ငါးနဲ့ ငါးအဆီ ပါဝင်တဲ့ အစာတွေကို စားတာက အသားအရေကို ကျန်းမာ လှပစေ ပါတယ်။ သံလွင်ဆီကလည်း ကောင်းတဲ့ အဆီ ဖြစ်တာကြောင့် ဟင်းလျာတွေကို ချက်ပြုတ်တဲ့ အခါမှာ ထည့်သုံးသင့် ပါတယ်။
၎) ဆော်ဒါ အချိုရည်နှင့် အခြား အချိုရည်များကို ရှောင်ပါ
ဆော်ဒါနဲ့ တခြား အချိုရည်တွေမှာ ကယ်လိုရီ ပါဝင်မှု များတာကြောင့် ကိုယ်အလေးချိန် များစေနိုင်သလို အရေပြားကိုပါ နွမ်းနယ်စေ ပါတယ်။ ရေကို အလုံအလောက် သောက်ပြီး ရေဓာတ် ပြည့်ဝအောင် နေတာက အသားအရေကို ကျန်းမာ လှပစေ ပါတယ်။
၅) အလှကုန် ပစ္စည်းများ အတွက် ငွေများစွာ မဖြုန်းသင့်ပါ
နုပျို လှပဖို့ အတွက် ဈေးကွက်ထဲမှာ အသားအရေထိန်း ပစ္စည်းတွေ မျိုးစုံ ရှိနေပါတယ်။ ဈေးကြီးတိုင်း ကောင်းတယ် ထင်ပြီး အများကြီး လျှောက် မဝယ်ပါနဲ့။ သင့် အသားအရေ အမျိုးအစားကို ကျွမ်းကျင်သူနဲ့ စမ်းသပ် စစ်ဆေးပြီး သင့် အသားအရေ အမျိုးအစားနဲ့ သင့်တော်တဲ့ အသားအရေထိန်း ပစ္စည်းကိုသာ ရွေးဝယ်ပါ။
၆) ဘယ်သောအခါမှ နေပူဆာ မလှုံသင့်ပါ
ခရမ်းလွန် ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြား ကင်ဆာနဲ့ အရွယ် မတိုင်ခင် အိုမင်း ရင့်ရော်မှု တို့ကို ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် နေရောင်ခြည် ဒဏ်ကို အလွန်အမင်း မခံယူပါနဲ့။ အပြင် သွားတိုင်း နေကာခရင်မ်ကို လိမ်းပြီးမှ အပြင်သွားပါ။ တစ်နှစ်မှာ တစ်ကြိမ် ဦးခေါင်းမှ ခြေဖျား အထိ အရေပြားကို စမ်းသပ် စစ်ဆေးပါ။
၇) ဝက်ခြံနှင့် မျက်နှာပေါ်က အပြစ် အနာအဆာ များကို လက်ဖြင့် မထိရပါ
မျက်နှာပေါ်က အဖုတွေကို လက်နဲ့ ပွတ်သပ် ထိတွေ့တာကြောင့် အဖုအပိမ့်တွေကို ပို ဆိုးစေပြီး အနာကျက် သွားချိန်မှာ အမာရွတ် ထင်ကျန်စေ ပါတယ်။ ဒါကြောင့် မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အဖုအပိမ့်တွေ ရှိနေရင် အရေပြား အထူးကု ဆရာဝန် ညွှန်ကြားတဲ့ ဝက်ခြံပျောက်ဆေးကို သုံးသင့်ပါတယ်။
၈) ရေ အမြန်ချိုးပြီး အစိုဓာတ် ထိန်းပါ
ရေကို အချိန် အကြာကြီး ချိုးတာနဲ့ ရေပူနဲ့ ချိုးတာတွေဟာ အရေပြားကို ရေဓာတ် ခန်းခြောက်စေ ပါတယ်။ ဒါကြောင့် အချိန်တိုတို အတွင်း ရေချိုးပြီး အစိုဓာတ် ရှိနေအောင် အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးသင့် ပါတယ်။
၉) ကိုယ်အလေးချိန်ကို အမြဲ ထိန်းပါ
အရေပြားက ကျုံ့နိုင်၊ ဆန့်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်က အလွန်အမင်း တက်သွားချိန်မှာ အရေပြားကို ဆွဲဆန့် လိုက်သလို ဖြစ်စေတာကြောင့် အရေပြားမှာ အကြောပြတ်ရာတွေ ဖြစ်ကျန်ခဲ့တတ် ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုရင် ဗိုက်ပူ လာတာကြောင့် အကြောပြတ်ရာ အဖြစ်များ ပါတယ်။ အလားတူ ကိုယ်အလေးချိန် မကြာခဏ မြင့်တက်တာ နဲ့ ရုတ်တရက် ပြန်ကျတာ တွေကြောင့် မျက်နှာ အရေပြားရဲ့ တင်းအား လျော့ကျပြီး အိုမင်းတယ်လို့ ထင်ရစေ ပါတယ်။
၁ဝ) ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု ရှိပါ
ကိုယ့်ကိုယ်ကိုယ် လှတယ် ဆိုတဲ့ ယုံကြည်မှုကို ထားရှိ ပေးပါ။ ယုံကြည်မှုကြောင့် သင့် အလှက ပိုတောက်ပ နေပါလိမ့်မယ်။

မူရင်းစာမျက်နာသို့

ဆံပင်သား အမျိုးအစားအလိုက် ထိန်းသိမ်းရအောင်

ဆံပင်သား အမျိုးအစားအလိုက် ထိန်းသိမ်းရအောင်တိုတဲ့ဆံပင်၊ ရှည်တဲ့ဆံပင်၊ ကောက်တဲ့ ဆံပင်၊ ဖြောင့်တဲ့ ဆံပင်.. ဘယ်လို ဆံပင်ပုံပဲရှိရှိ ဆံပင်သား အမျိုးအစားအလိုက် ထိန်းသိမ်းဖို့  လိုပါတယ်။ ကောင်းမွန်တဲ့ အာဟာရ၊ ဦးရေပြားကို နှိပ်နယ်ပေးတာ၊ ဆေးလိပ်ငွေ့ ရှောင်ရှားမှုနဲ့ တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေဟာ ဦးရေပြားကို ကျန်းမာစေသလို ဆံပင်သားကို တောက်ပ ကြည့်ကောင်းစေပါတယ်။
သင့်ဆံပင်သားက အဆီပြန်နေလျှင်
သင့်ဆံပင်က အဆီပြန်ရင် နေ့စဉ် ခေါင်းလျှော်သင့်ပါတယ်။ အထူးသဖြင့် အဆီပြန်တဲ့ ဆံပင်သားအတွက် သီးသန့်ထုတ်ထားတဲ့ ရှမ်ပူမျိုးကို ရွေးသုံးပါ။ အဆီဓာတ်ပါတဲ့ ဆံပင်လိမ်းပစ္စည်းကို ရှောင်သင့်ပါတယ်။
သင့်ဆံပင်သားက ခြောက်သွေ့နေလျှင်
မကြာခဏ ခေါင်းမလျှော်ပါနဲ့။ ခေါင်းလျှော်မယ်ဆိုရင် အစိုဓာတ်ထိန်းနိုင်တဲ့ ရှမ်ပူမျိုးကို ရွေးသုံးသင့်ပါတယ်။
သင့်ဆံပင်သားမှာ အဖြူဖတ်ကပ်နေလျှင်
ဦးခေါင်းမှာ ဗောက်ထနေတာ ဖြစ်နိုင်ပါတယ်။ ဗောက်ပျောက်စေမယ့် ရှမ်ပူမျိုးရွေးသုံးပါ။ တကယ်လို့ ဗောက်မပျောက်ရင် ပိုပြီး ထိရောက်မှု ရှိစေမယ့် ခေါင်းလျှော်ရည် အမျိုးအစားကို ရွေးသုံးနိုင်ဖို့ အရေပြား ဆရာဝန်ကို မေးမြန်းပါ။
သင့်ဆံပင်ကို အရောင်ဆိုးမည်ဆိုလျှင်
အရင်ဆုံး ဆံပင်ဆိုးဆေးဘူးမှာပါတဲ့ အညွှန်းစာကို သေချာဖတ်ပါ။ အထူးသဖြင့် သတိပေးချက်ကို စနစ်တကျဖတ်ပြီး လိုက်နာဖို့ လိုပါတယ်။ ဆံပင်အရောင် မဆိုးခင် ဆံပင်ဆိုးဆေးနဲ့ တည့်မတည့်သိအောင် အရင်စမ်းသပ်ပါ။ ဆံပင်ဆိုးဆေး တစ်စက်ကို သင့်လက်တံတောင်ရဲ့ အတွင်းဘက် အရေပြား ဒါမှမဟုတ် နားနောက်ကို တို့ကြည့်ပါ။ နှစ်ရက်လောက် ထားကြည့်လို့ နီမြန်းတာ၊ ယားတာ၊ အဖုပေါက်တာတို့ မဖြစ်မှ ဆံပင်အရောင်ဆိုးပါ။ တကယ်လို့ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ပေါ်လာရင် ဆံပင်ဆိုးဆေးကို မဆိုးပါနဲ့။
သင့်ဆံပင်ကို ဖြောင့်စေလိုလျှင်
ဆံပင်ဖြောင့်လိုတယ်ဆိုရင် ခေါင်းလျှော်ရည်ကို ဖြောင့်ဆေးပါတဲ့ အမျိုးအစား ရွေးသုံးသင့်ပါတယ်။ ပြီးရင် ကွန်ဒီရှင်နာသုံးကာ ရေဆေးချလိုက်ပါ။ ခေါင်းလျှော်ထားစ ဆံပင်ကို ဘီးကုပ်ကုပ်တာ၊ စည်းနှောင်ထားတာမျိုး မလုပ်ပါနဲ့။
လေမှုတ်စက်၊ ကောက်စက်နှင့် ဓာတုပစ္စည်းများသုံးလျှင်
ဆံပင်အခြောက်ခံစက်၊ ကောက်စက်နဲ့ ဓာတုပစ္စည်းတွေကို အလွန်အမင်း မသုံးပါနဲ့။ ဒါတွေက ဆံပင်ကို ခြောက်သွေ့တာ၊ ပြတ်တောက်တာတို့ ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်အသုံးပြုတာမျိုးကို ရှောင်ပါ။
ရေကူးသူဖြစ်လျှင်
ရေကူးကန်ထဲမှာ ခတ်ထားတဲ့ ကလိုရင်းဓာတ်ဟာ ဆံပင်သားကို ထိခိုက်စေနိုင်ပါတယ်။ ဆံပင်သားကို ကလိုရင်းကြောင့် ထိခိုက်မှုမဖြစ်စေဖို့ ခေါင်းစွပ်စွပ်ပြီး ရေကူးပါ။ ဒါမှမဟုတ် ရေကူးပြီးချိန်မှာ ဆံပင်သားကို ရေနဲ့ချက်ချင်း ဆေးချလိုက်ပါ။

ကြယ်စင်
Good Health

မူရင်းစာမျက်နာသို့

နှုတ်ခမ်းနီဆိုးခြင်းနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည်များ


နှုတ်ခမ်းနီဆိုးခြင်းနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည်များမိန်းကလေးတိုင်း အလှဆုံး ပြင်ဆင်ခြယ်သ အပြီးမှာ နှုတ်ခမ်းနီ ဆိုးပြီး အလှတရားကို ပြီးပြည့်စုံစေပါတယ်။  မိန်းကလေးအများစု မက်မက်မောမော အသုံးပြုတတ်ကြတဲ့ နှုတ်ခမ်းနီနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို ဖော်ပြလိုက်ပါတယ်။
(၁) SPF ပါသော နှုတ်ခမ်းနီကို ဘာကြောင့် ရွေးချယ်သင့်တာလဲ။
SPF အနည်းဆုံး ၁၅ ဆ ပါဝင်တဲ့ နှုတ်ခမ်းနီအဆီကို ဆိုးပေးတာက နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် နှုတ်ခမ်းသား ပျက်စီးတာကို ကာကွယ်ပေးပါတယ်။ နှုတ်ခမ်းနီကို SPF ၁၅ နဲ့အထက် ပါဝင်တာကို ရွေးချယ်ဝယ်ယူပါ။ အောက်ခံ နှုတ်ခမ်းနီ ဆိုးပြီး အပေါ်မှ SPF ပါဝင်တဲ့ နှုတ်ခမ်းနီအဆီကို ထပ်ဆိုးပေးပါ။ လှပရွှန်းစိုတဲ့ နှုတ်ခမ်းတစ်စုံကြောင့် နေရောင်အောက်မှာ ဆွဲဆောင်မှု အပြည့် ရှိနေစေပါတယ်။
(၂) ဓာတ်မတည့်မှု နည်းစေတယ် (Hypo-allergenic) လို့ ရေးထားတဲ့ နှုတ်ခမ်းနီတိုင်းက ဓာတ်မတည့်မှု လျော့နည် စေပါသလား။
Hypoallergenic လို့ ရေးထားတဲ့ နှုတ်ခမ်းနီတွေတိုင်းက ဓာတ်မတည့်မှု လုံးဝမဖြစ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ နည်းတယ်လို့သာ မှတ်ယူနိုင်ပါတယ်။ ဘယ်အလှပြင်ပစ္စည်းမှ ဓာတ်မတည့်မှု မဖြစ်နိုင်ပါဘူးလို့ အာမမခံနိုင်ပါဘူး။
(၃) နှုတ်ခမ်းကို ဘာကြောင့် အစိုဓာတ် ထိန်းပေးသင့်တာလဲ။
နှုတ်ခမ်းကို အစိုဓာတ် ထိန်းပေးတာကြောင့် နှုတ်ခမ်းမှာ အရေးကြောင်း ဖြစ်တာကို ကာကွယ်ပေးပြီး ရှိပြီးသား အရေးကြောင်းတွေကိုလည်း လျော့နည်းစေပါတယ်။ မျက်နှာကို အစိုဓာတ်ထိန်း ခရင်မ်လိမ်းတဲ့အခါ နှုတ်ခမ်းသားလေးတွေပါ မမေ့မလျော့ လိမ်းပေးပါ။ ပြီးမှ အပေါ်က နှုတ်ခမ်းနီဆိုးပါ။
(၄) ညမအိပ်ခင် နှုတ်ခမ်းနီတွေ ဘာကြောင့် ဖျက်သင့်တာလဲ။
နှုတ်ခမ်းနီ အပါအဝင် မျက်နှာမှာ ပြင်ဆင်ခြယ်သထားတာတွေကို ညအိပ်ယာ မဝင်မီမှာ ဖျက်ပေးဖို့ လိုပါတယ်။ တစ်နေကုန် ကပ်ငြိနေတဲ့ ချွေးတွေ၊ ဖုန်တွေ၊ အမှုန်တွေနဲ့ မိတ်ကပ်တွေ ပေါင်းပြီး မျက်နှာမှာ ချွေးပေါက်တွေ ပိတ်စေပါတယ်။
သင့်နှုတ်ခမ်းကိုလည်း သန့်တယ် မထင်လိုက်ပါနဲ့။ အစာစားတိုင်း သင့်နှုတ်ခမ်း မှာ ကပ်တင်ကျန်နေတဲ့ အစာအကြွင်းအကျန်တွေ ရှိနေနိုင်ပါတယ်။ သင်က နှုတ်ခမ်းနီကို မဖျက်ဘဲ ထပ်ထပ်ပြီး ဆိုးတတ်သူ ဆိုရင်တော့ နှုတ်ခမ်းနီမှာ ဖုန်မှုန့်တွေအပြင် အစာအမှုန်တွေပါ ကပ်ငြိနေနိုင်ပါတယ်။ အိပ်ယာမဝင်မီမှာ နှုတ်ခမ်းနီတွေကို သေချာစွာ သန့်စင်ဆေးကြောပြီးမှ အိပ်စက် အနားယူပါ။
(၅) နှုတ်ခမ်းနီဆိုးရာမှာ အသုံးပြုရတဲ့ စုတ်တံတွေ ဘာကြောင့် သန့်ရှင်းဖို့ လိုအပ်တာလဲ။
နှုတ်ခမ်းနီဆိုးရာမှာ အသုံးပြုရတဲ့ စုတ်တံတွေနဲ့ သင့်လက်ချောင်းတွေမှာ ဘက်တီးရီးယားပိုးတွေ ရှိနေနိုင်ပြီး သင့်ခန္ဓာကိုယ်တွင်းကို အလွယ်တကူ ကူးစက်ဝင်ရောက်နိုင်တာကြောင့် သန့်ရှင်းစွာထားဖို့ လိုပါတယ်။ နှုတ်ခမ်းနီ ဆိုးရာမှာ အသုံးပြုရတဲ့ စုတ်တံတွေက စိုစွတ်နေတာကြောင့် ဘက်တီးရီးယားပိုးတွေ ပေါက်ပွားရှင်သန်မှု အများဆုံးပါ။
အစိုဓာတ်ရှိရုံတင်မကဘဲ အပူနဲ့ ထိတွေ့မှု ရတာကလည်း ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားနိုင်ပါတယ်။ အပူဓာတ်က ဘက်တီးရီးယားတွေ မရှင်သန်နိုင်အောင် ကာကွယ်ပေးထားတဲ့ နှုတ်ခမ်းနီထဲမှာ ပါဝင်တဲ့ တာရှည်ခံစေတဲ့ အရာတွေကို ပျက်စီးစေတာကြောင့်ပါ။ ဒါကြောင့် နှုတ်ခမ်းနီဘူးတွေ ထားသိုတဲ့နေရာကနေ ရောင်ခြည်တိုက်ရိုက် ကျရောက်တဲ့နေရာ၊ အပူရနိုင်တဲ့ နေရာမျိုးတွေ မဖြစ်သင့်ပါဘူး။
(၆) နှုတ်ခမ်းနီတချို့မှာ ပါဝင်တဲ့ ခဲ (lead) က အန္တရာယ် ကင်းပါသလား။
နှုတ်ခမ်းနီတချို့မှာ ခဲ (Lead) အနည်းငယ် ပါဝင်တတ်ပါတယ်။ နှုတ်ခမ်းနီက ခန္ဓာကိုယ်ပြင်ပ၊ အပေါ်ယံမှာသာ အသုံးပြုတာဖြစ်ပြီး အနည်းငယ် ပမာဏလောက်သာ ခန္ဓာကိုယ်တွင်း ဝင်ရောက်နိုင်ခြေ ရှိပါတယ်။ အမေရိကန် FDA က နှုတ်ခမ်းနီတချို့မှာ ပါဝင်တဲ့ ခဲက ဘေးကင်းမှု မရှိဘူးလို့လည်း ပြောပါတယ်။
(၇) နှုတ်ခမ်းနီတောင့်တွေကို ဈေးကွက်အတွင်း မရောင်းချမီ FDA ရဲ့ ထောက်ခံချက်ကို ရယူပါသလား။
နှုတ်ခမ်းနီဘူး အပါအဝင် အလှပြင်ပစ္စည်း ထုတ်လုပ်ရောင်းချသူတွေဟာ FDA ရဲ့ ထောက်ခံချက်ကို ရယူတာမျိုး မရှိဘဲ ထုတ်လုပ်ရောင်းချတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အလှပြင်ပစ္စည်း ဝယ်ယူရာမှာ ကိုယ်နဲ့ ဓာတ်မတည့်မှု ဖြစ်စေတဲ့အရာနဲ့ အန္တရာယ် ဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေ မပါတာကို ရွေးချယ်ဝယ်ယူတတ်ဖို့တော့ လိုပါတယ်။

ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
Good Health

မူရင်းစာမျက်နာသို့

နဖူးမှာပေါက်သော ဝက်ခြံ

နဖူးမှာပေါက်သော ဝက်ခြံနဖူးမှာပေါက်တဲ့ ဝက်ခြံ ဆိုတာ မျက်ခုံးနှစ်ခုကြားနဲ့ နှာခေါင်း ထိပ်ပိုင်း စုံတဲ့နေရာကို မျက်နှာရဲ့ T-zone လို့ခေါ်ပါတယ်။  နဖူးမှာပေါက်တဲ့ ဝက်ခြံတွေက အဲလိုနေရာမျိုးတွေမှာ အများဆုံး ပေါက်တတ်ကြပါတယ်။ အဆီပြန်တဲ့ အရေပြားပိုင်ရှင်နဲ့ ပေါင်းစပ်အရေပြား ပိုင်ရှင်တွေမှာ ပိုပြီး ပေါက်တတ်ကြပါတယ်။ နဖူးပြင်ပေါ်က ဆံပင်နဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာ ဝက်ခြံတွေကို တွေ့ရတတ်ပြီး အရေပြားနီရဲကာ ရောင်ရမ်းနေတတ်ပါတယ်။ ဝက်ခြံပေါက်တဲ့ အချိန် ပုံမှန်အိမ်မှာ ပြုလုပ်နေကျ ကုထုံးတွေနဲ့ ကုသနေရင်း ခြောက်ပတ်လောက် ကြာတာတောင် မသက်သာသေးဘူးဆိုရင် အရေပြား အထူးကုနဲ့ တိုင်ပင်သင့်ပြီး လိုအပ်ရင် ဆေးဝါးနဲ့ ကုသမှုတွေ ခံယူသင့်ပါတယ်။
နဖူးမှာ ဝက်ခြံပေါက်တတ်သော တခြားအကြောင်းရင်း
အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲ တချို့ကြောင့် နဖူးမှာ ဝက်ခြံပေါက်တတ်ပါတယ်။ ဆီပါဝင်တဲ့ အလှကုန်ပစ္စည်း အသုံးပြုတဲ့သူတွေနဲ့ ဆံပင်လိမ်းဆေး တချို့ကြောင့် ပေါက်တတ်ပါတယ်။ တခြား အကြောင်းအရာတွေလည်း ရှိပါသေးတယ်။
အလွန်အမင်း သန့်စင်ခြင်း
အရေပြားကို ကြေးချွတ်သန့်စင်တာက ကောင်းပါတယ်။ ဒါပေမဲ့ ခဏ၊ ခဏ ပြုလုပ်တာတွေကြောင့်တော့ ဆန့်ကျင်ဘက် အာနိသင် ဖြစ်သွားတတ်ပါတယ်။ အရေပြားကို အလွန်အမင်း သန့်စင်လိုက်တာကြောင့် အဆီဂလင်းတွေထဲကို ဘက်တီးရီးယားတွေ ရောက်ရှိသွားပြီး ကြာရင် ဝက်ခြံဖြစ်စေတတ်တယ်လို့ Los Angeles မှ အရေပြား ပညာရှင်တွေက ဆိုပါတယ်။
ဆံပင်လိမ်းပစ္စည်းများ
ဆံပင်လိမ်းတဲ့ စပရေး၊ ဂျယ်လ်နဲ့ တခြားဆံပင်လိမ်းတဲ့ ပစ္စည်းတွေကြောင့် သင့်နဖူးနေရာနားမှာ ဝက်ခြံတွေ ပေါက်တတ်ပါတယ်။ ဆံပင်လိမ်းတဲ့ ပစ္စည်းမှာ ပါဝင်တဲ့ ကမ်မီကယ်တွေ ဦးရေပြားပေါ် ထိတွေ့ရာကနေ ဝက်ခြံတွေ ပေါက်လာရတာမျိုး ဖြစ်ပါတယ်။
ဦးထုပ်နှင့် လုပ်ငန်းခွင်သုံး ဦးထုပ်
လုပ်ငန်းခွင်ထဲမှာ ဦးခေါင်းကို ကာကွယ်ဖို့အတွက် အမြဲတမ်းဝတ်ဆင်ရတဲ့ Helmets တွေနဲ့ ဦးထုပ်ကို အမြဲဝတ်ဆင်တတ်သူတွေမှာ နဖူးနဲ့ ဦးထုပ်ကြားကချွေးနဲ့ ပြင်ပက အညစ်အကြေးတွေကြောင့် ဝက်ခြံတွေ ပေါက်လာတတ်ပါတယ်။
အိပ်စက်မှု အလေ့အထ
အိပ်စက်ချိန်မှာ သင်က ဘေးတစ်ဖက်တည်းကို စောင်းပြီး အိပ်တတ်သူဆိုရင် ခေါင်းအုံးနဲ့ သင့်နဖူးပြင်နဲ့က ထိတွေ့မှုဟာ အချိန်ကြာတတ်ပါတယ်။ သင့်ခေါင်းအုံးဟာ သန့်ရှင်းမှု မရှိရင်ဘဲဖြစ်စေ၊ ရောဂါပိုးဝင်ရင်ပဲ ဖြစ်စေ စောင်းအိပ်တဲ့ နဖူးပြင်နေရာနားမှာ ဝက်ခြံပေါက်တတ်ကြပါတယ်။ ဒါကြောင့် တစ်ဖက်တည်းစောင်းပြီး အိပ်တတ်သူတွေဟာ ပက်လက်ပြန်ပြောင်း အိပ်ကြည့်ပါ။ သန့်စင်တဲ့ ခေါင်းအုံးကို အသုံးပြုပါ။
မိတ်ကပ်လိမ်းထားပြီး အိပ်စက်ခြင်း
မိတ်ကပ်လိမ်းထားချိန်ဟာ ဘယ်အချိန်ပဲ ဖြစ်ပါစေ၊ ညအိပ်ရာဝင်တော့မယ် ဆိုရင်တော့ သင်လိမ်းထားတဲ့ မိတ်ကပ်တွေကို ဖျက်ပြီးမှ အိပ်ရာဝင်သင့်ပါတယ်။ အိပ်ရာဝင်ခါနီး မိတ်ကပ်မဖျက်တာကြောင့် မျက်နှာမှာ ပြင်ပက ဖုန်မှုန့်တွေ၊ မိတ်ကပ်မှာပါဝင်တဲ့ ဆီတွေနဲ့ ချွေးတွေပေါင်းကာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး နဖူးပြင်မှာ ဝက်ခြံတွေ ပေါက်တတ်ပါတယ်။ ဖော်ပြပါ အလေ့အထတွေကို ဆင်ခြင်လိုက်မယ်ဆိုရင်တော့ နဖူးမှာပေါက်တဲ့ ဝက်ခြံကို သက်သာသွားနိုင်ပါတယ်။
သဲသဲ
Good Health

မူရင်းစာမျက်နာသို့

သင့်ကိုယ်နံ့ သင်းပျံ့နေအောင်

သင့်ကိုယ်နံ့ သင်းပျံ့နေအောင်ချွေးထွက်တဲ့ ဂလင်းတွေကို လှုံ့ဆော် တာကြောင့် ချွေးထွက် များသူတွေ အနေနဲ့ ကိုယ်နံ့ နံတတ်ပါတယ်။ ခန္ဓာကိုယ်အနံ့က အလွန်ဆိုးနေရင်  အနံ့နံတာကြောင့် လူမှုဆက်ဆံရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ချွေးထွက်များတာက စိတ်မသက်မသာဖြစ်စရာ ကောင်းသလို ချွေးထွက်များတာကြောင့် အရေပြားပေါ်က ဘက်တီးရီးယားနဲ့ ထိတွေ့ပြီး အနံ့ဆိုး ထွက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်နံ့သင်းပျံ့နေစေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။
- ဘက်တီးရီးယား သေစေနိုင်တဲ့ ဆပ်ပြာသုံးပြီး ရေချိုးပါ။ ပြီးရင် ချွေးနံ့ထိန်းတောင့် လိမ်းပေးသင့်ပါတယ်။
- တတ်နိုင်သမျှ ချည်သားဝတ်စုံကို ရွေးချယ်ဝတ်ဆင်ပါ။ အထူးသဖြင့် အတွင်းခံ အဝတ်အစားဝတ်မယ်ဆိုရင် လေဝင်လေထွက် ကောင်းတဲ့ ချည်သားဝတ်စုံကို ဝတ်ပါ။
- ကိုယ်လုံးနဲ့အတိ ကျပ်နေတဲ့ ဝတ်စုံမျိုးကို ရှောင်ရှားပြီး သက်သောင့်သက်သာရှိတဲ့ ဝတ်စုံကို ချောင်ချောင်ချိချိ ဝတ်ဆင်ပါ။တစ်နေ့ အင်္ကျီတစ်စုံ လဲဝတ်ပါ။
- ချိုင်းနေရာကို မကြာခဏ သန့်စင်ဆေးကြောပေးပါ။ ခန္ဓာကိုယ်က ထွက်တဲ့ ချွေးတွေရဲ့ ၈၀ ရာခိုင်နှုန်းက ချိုင်းနေရာကနေ လာတာဖြစ်ပါတယ်။
- ကိုယ်နံ့ဆိုး မထွက်အောင် ချွေးနံ့ပျောက်ဆေးတွေကို ဝယ်မယ်ဆိုရင် အချက်နှစ်ချက်ကို သတိထားပါ။ Antiperspirant (ချွေးတိတ်ဆေး) ဟာ ချွေးပေါက်ကို ပိတ်စေတဲ့နည်းနဲ့ အရေပြားကနေ ချွေးထွက်တာကို ရပ်တန့်စေတာ ဖြစ်ပါတယ်။ Deodorants (ချွေးနံ့ပျောက်ဆေး) ကတော့ ချွေးထွက်တဲ့အခါ ဘက်တီးရီးယားတွေကို သေစေတာ ဖြစ်ပါတယ်။ သင်က ဘယ်လိုအမျိုးအစားကို လိုအပ်နေတာလဲဆိုတာ စဉ်းစားပြီး ဝယ်ယူသုံးစွဲပါ။
- ခြေထောက် အနံ့ဆိုးထွက်မှု ကင်းစေဖို့ ခြေထောက်ကို သေချာဆေးကြောပြီး ခြောက်သွေ့အောင်ထားပါ။ ပြီးရင် ခြေချောင်းတွေကြား လေဝင်လေထွက် ကောင်းစေမယ့် ဖိနပ်မျိုးစီးပါ။
- ကော်ဖီနဲ့ လက်ဖက်ရည်ကို လျှော့သောက်ပါ။ အဲဒီအထဲမှာပါတဲ့ ကဖင်းဓာတ်ဟာ အလိုအလျောက် အလုပ်လုပ်တဲ့ အာရုံကြောစနစ် (Autonomic Nervous System) ကို လှုံ့ဆော်နိုင်ပါတယ်။ ဒီအာရုံကြောစနစ်ဟာ ချွေးထွက်တာနဲ့ ဆက်စပ်မှု ရှိပါတယ်။
- အယ်လ်ကိုဟောဟာ သွေးကြောတွေကို ကျယ်စေတာကြောင့် ချွေးထွက်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် အရက်ကို ရှောင်ပါ။
- ရေချိုးတဲ့အခါမှာ ရှာလကာရည်တစ်ခွက် ထည့်ထားတဲ့ ချိုးရေနဲ့ ချိုးပေးပါ။ ဒါမှမဟုတ် ခန္ဓာကိုယ်ကို ဆော်ဒါမှုန့်နဲ့ ပွတ်တိုက်ပြီး ရေချိုးလိုက်ရင်လည်း ကိုယ်နံ့ဆိုး ကင်းစေပါတယ်။
- ရေချိုးပြီးတဲ့အခါ ချွေးနံ့ပျောက် ဆေးတောင့်ကို လိမ်းပေးပါ။
- အပြင်ထွက်တဲ့အခါ စနိုးတာဝါလို အနုစား လက်ကိုင်ပဝါကို ဆောင်ထားပြီး ချွေးထွက်များတဲ့ ချိုင်းကြားလိုနေရာမျိုးမှာ သုတ်ပေးပါ။
ကြယ်စင်
ကြယ်စင်
Good Health 

မူရင်းစာမျက်နာသို့

အမျိုးသမီး များနှင့် အသားအရေထိန်း အလှကုန် ပစ္စည်း များ

အမျိုးသမီးဈေးကွက် ထဲမှာ အမျိုး သမီးများ အတွက် ရည်ရွယ်ပြီး နုပျိုစေမယ့် အရေး အကြောင်း ပျောက် Antiaging Cream များ၊ အစို ဓာတ်ခံလိမ်း ဆေးများ၊ လိုးရှင်းဆီရမ်များ၊ Exfoliators များ၊ သန့်စင်ဆေးရည် များ အမျိုးအစားပေါင်းများစွာ ရောင်း ချလျက်ရှိပါတယ်။ အမျိုးသမီး တစ်ယောက်အနေနဲ့ နာမည်ကြီး အသားအရေထိန်းပစ္စည်း တွေကို ငွေကြေးများစွာကုန်ကျကာ ဝယ်ယူသုံးစွဲနိုင်သလို ဆေးဆိုင်၊ စတိုးဆိုင်မှာရောင်းတဲ့ ငွေကြေးသက် သာတဲ့ အသားအရေထိန်းပစ္စည်းတွေ ကို ရွေးချယ်နိုင်ပါတယ်။ အရေပြား အထူးကုဆရာဝန်များက အကြံÓဏ် ပေးကြတာကတော့ ဈေးမကြီးတဲ့ အသားအရေထိန်း အလှကုန်ပစ္စည်း တွေဟာ ဈေးကြီးနာမည်ကျော်ကြား တဲ့ အလှကုန်ပစ္စည်း တံဆိပ်တွေနဲ့ များသောအားဖြင့် အာနိသင် တူညီ ကြပါတယ်။ ဘာလို့လဲဆိုတော့ ပါဝင်တဲ့ ပစ္စည်းတွေဟာ တူညီကြ လို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အသား အရေထိန်းပစ္စည်းများဝယ်ယူတဲ့အခါ ကုန်ပစ္စည်းအမျိုးအစားကို မကြည့်ဘဲ ပါဝင်ထည့်သွင်းထုတ်လုပ်ထားတဲ့ ဒြပ်ပေါင်းများကိုသာ အဓိကထားသင့် ပါတယ်။ ထိုအသားအရေထိန်းပစ္စည်း တွေမှာဘာဒြပ်ပေါင်းတွေပါဝင်လေ့ရှိ သလဲဆိုတာကိုလည်းဖော်ပြလိုပါတယ်။
(၁) သန့််စင်ဆေးရည် (Cleanser)
ကိုယ်တိုက်ဆပ်ပြာခဲတွေမှာ အရေပြားကို ခြောက်သွေ့ပြီး ဓာတ် မတည့်မှုဖြစ်စေတဲ့ ဒြပ်ပေါင်းပစ္စည်း တွေ ပါဝင်တာကြောင့် မျက်နှာကို ဆေးကြောသန့်စင်ဖို့အတွက် မသင့် တော်ပါဘူး။ မျက်နှာသန့်စင်ဆေးရည် သို့မဟုတ် ဆပ်ပြာတွေကတော့ ဆပ်ပြာခဲလောက် မကြမ်းတမ်းတဲ့ အတွက်အသုံးပြုရန် သင့်တော်ပါတယ်။ မျက်နှာကို သန့်စင်ပေးတဲ့အပြင် အသားအရေကို စိုပြည်စေပါတယ်။ ဆပ်ပြာခဲသုံးပြီး မျက်နှာသစ်တာ ကို ကြိုက်နှစ်သက်လှပါတယ်ဆိုရင် တော့ အသားအရေခြောက်သွေ့စေ တဲ့ Sodium Lauryl Sulfate ပါဝင်တဲ့ ဆပ်ပြာခဲကို အသုံးမပြုပါနှင့်။ ဂလစ် စရင်း၊ အပင်မှရရှိသောအဆီများဖြင့် ထုတ်လုပ်ထားသော အစိုဓာတ်ထိန်း ဆပ်ပြာခဲများကို အသုံးပြုပါ။ ဝက်ခြံထွက်သူ ဒါမှမဟုတ် အ ဆီပြန်တဲ့ အသားအရေပိုင်ရှင် အမျိုး သမီးများကတော့ ကလာပ်စည်းအသေ များကိုဖယ်ရှားပေးတဲ့ Salicylic Acid ပါဝင်တဲ့ မျက်နှာသန့်စင်ဆေးရည် ဒါမှ မဟုတ် Benzoyl Peroxide ပါဝင် တဲ့ ပိတ်ဆို့နေတဲ့ ချွေးပေါက်များကို ရှင်းလင်းစေတဲ့ မျက်နှာသန့်စင်ဆေး ရည်များကို အသုံးပြုရပါမယ်။ ဒါမှ ဝက်ခြံတွေ ထပ်ပြီးထွက်မလာတော့ မှာ ဖြစ်ပါတယ်။
(၂) အိုမင်းရင့်ရော်မှု ဆန့်ကျင်သည့် Antiaging Creams
ရက်တီးနွိုက် (Retinoids) ပါဝင်တဲ့ အစိုဓာတ်ခံ လိမ်းဆေးနှင့် ဆီရမ်များဟာ အရေပြား ကလာပ် စည်းများကို ပြန်လည်ကျန်းမာကောင်း မွန်လာစေပြီး ကိုလေဂျင်အမျှင်များကို တည်ဆောက်ပေးရန် ကူညီပေးပါ တယ်။ Gamma-Aminobutyric Acid-GABA ကတော့ အရေးအ ကြောင်းများ ကို ယာယီသက်သာစေ တဲ့ အာရုံကြော လှုံ့ဆော်တဲ့ဒြပ်ပေါင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် နုပျိုစေပြီး အရေးအကြောင်းပျောက်ကာ အိုမင်း ရင့်ရော်မှုကို သက်သာစေတဲ့ Antiaging Cream ကို ဝယ်ယူမယ်ဆိုရင် ဗီတာမင် A ဒြပ်ပေါင်းအမျိုးအစား တစ် ခုဖြစ်တွဲျ့နအငညပူ Retinyl Propionate (Retinol) ပါဝင်သော ခရင်မ်ကိုရွေးချယ် ဝယ်ယူပါ။ အရေပြားတင်းရင်း ချော မွတ်မှုကိုကူညီပေးတဲ့ Peptide, Sirtuinpw စတဲ့ ဒြပ်ပေါင်းပါဝင်တဲ့ ခရင်မ် အမျိုးအစားကိုလည်းဝယ်ယူသုံးစွဲနိုင်ပါ တယ်။
(၃) အစိုဓာတ်ခံ လိမ်းဆေး (Moisturizer)
အမျိုးသမီးများရဲ့ မျက်နှာအရေ ပြားဟာ နေ့တိုင်းလိုလို အစိုဓာတ် ခံကို စုပ်ယူတဲ့ လေညစ်ညမ်းတဲ့ အရာတွေနဲ့ ထိတွေ့နေရပါတယ်။ Petroleum Jelly ကတော့ ဈေး သက်သာပြီး ရှေးယခင်ကတည်းက အသုံးပြုခဲ့တဲ့ အစိုဓာတ်ခံလိမ်းဆေး ဖြစ်ပေမယ့် စေးကပ်ကပ်နဲ့အနေရ ခက်ပါတယ်။ Emollients, Humectants များပါဝင်တဲ့ အစိုဓာတ်ခံ လိမ်းဆေးများကတော့ စေးကပ်ကပ် မဖြစ်ဘဲ အသားအရေကို စိုပြည်ချော မွတ်စေမှာပါ။ ဒါကြောင့် ဂလစ်စရင်း၊ Hyaluronic Acid ပါဝင်တဲ့ အရေး အကြောင်းပျောက်စေတဲ့ Antiaging များကို ဝယ်ယူအသုံးပြုပါ။
(၄)Exfoliating Scrubs and Lotion
အစိုဓာတ်ခံလိမ်း ဆေးနဲ့ ဆီရမ်တွေရဲ့ အာနိသင်ထိရောက် ပြည့်ဝစွာရရှိစေဖို့ ထို ခရင်မ်တွေ လိမ်းလိုက်တဲ့ အခါ အရေပြားရဲ့ အပြင် ဆုံးအလွှာထဲကို ထိုးဖောက် ဝင်ရောက်သွားနိုင်ရပါမယ်။ Exfoliator ကို တစ်ပတ်လျှင် ၂ကြိမ်ခန့် အသုံးပြုခြင်းက က လာပ်စည်းအသေတွေကို ဖယ်ရှား ပေးစေတဲ့အပြင် အထက်ပါ ခရင်မ် တွေကို အရေပြားအထဲထိ စိမ့်ဝင်သွား စေပါတယ်။ အချို့သော All in one အရေပြားသန့်စင်ဆေးနှင့် Exfoliator တွေဟာ နေ့စဉ်အသုံးပြုနိုင်စေရန် ပျော့ပျောင်းစွာထုတ်လုပ်ထားခြင်းဖြစ် ပါတယ်။ွူGlycolic Acid, Lactic Acid, Salicylic Acid သို့မဟုတ် Malic Acid ပါဝင်တဲ့ Exfoliator များကို အသုံးပြုပေးနိုင်ပါတယ်။
(၅) အင်တီအောက်စီဒင့် ခရင်မ် Antioxidant Cream
ခရင်မ်အများစုမှာ ဖရီးရက်ဒီ ကယ်တွေကြောင့် အသားအရေထိ ခိုက်ပျက်စီးခြင်းကို ကာကွယ်ပေးတဲ့ အင်တီအောက်စီးဒင့်တွေ ပါဝင်နေ ပါတယ်။ အကယ်၍ အင်တီအောက်စီးဒင့် ခရင်မ်ကို အသုံးပြုမယ်ဆိုရင် အရောင် ရမ်းကျစေပြီး အင်တီအောက်စီးဒင့် Niacinamide ပါဝင်တဲ့ ပစ္စည်းကို ရွေးချယ်ပါ။ ပဲပုပ်မှထုတ်လုပ်ထားသော သို့မဟုတ် Coffee Berry မှ ထုတ် လုပ်ထားသော Coenzyme Q10 ပါဝင်သော အင်တီအောက်စီးဒင့်ခရင်မ် ကိုရွေးချယ်သုံးစွဲပါ။ထိုဒြပ်ပေါင်းများမှာ နေလောင်တဲ့အသားအရေကို သိသာ စွာ ပြန်လည်ကောင်းမွန်စေပါတယ်။
(၆) နေလောင်ခံ လိမ်းဆေး Sun Protection
မျက်စိနှင့်မြင်သာသော အ ရေပြား ပြောင်းလဲအိုမင်းရင့်ရော်လာ မှုရဲ့ ၈၀ ရာခိုင်နှုန်းဟာ ခရမ်းလွန် ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှု ကြောင့် ဖြစ်ပါတယ်။ နေလောင်ခြင်းမှ ကာကွယ်ခြင်းဟာ သင့်ရဲ့မျက်နှာ အတွက် အလွန်အရေးကြီးလှပါတယ်။ မျက်နှာလိမ်း အစိုဓာတ်ခံလိမ်းဆေး၊ ခရင်မ်များမှာ ခရမ်းလွန်ရောင်ခြည် A နှင့် B တို့ကို ကာကွယ်ပေးတဲ့ ဒြပ် ပေါင်းများပါဝင်နေပါတယ်။ SPF 15 ပါဝင်တဲ့ မျက်နှာလိမ်းခရင်မ်ကို ပုံမှန်သုံး ပေးပါ။ အားကစားသမားတစ်ယောက် ဖြစ်တယ်ဆိုရင်၊ ကမ်းခြေ သို့မဟုတ် နေပူထဲမှာ သွားလာလှုပ်ရှားသူဆိုရင် တော့ SPF 30 လောက်ပါဝင်တဲ့ Sunscreen သီးသန့်ကို အသုံးပြုပေး ပါ။

Health Digest

မူရင်းစာမျက်နာသို့

ခေတ်စားနေသော BB ခရင်မ် အကြောင်း အမေးအဖြေ


BB creamအခု ပျိုမေ တို့ကြား မှာ ရေပန်း စား နေတဲ့ BB ခရင်မ် အကြောင်း ကို
အသေး စိတ် သိနိုင်ဖို့ ရေးသားလိုက်ရပါတယ်။
BB ခရင်မ်ဆိုတာ ဘာလဲ။
BB ဆိုတာ Blemish Balm ရဲ့ အတိုကောက်ပါ။ ဆိုလိုတာက အသား အရေပေါ်က အပြစ်အနာအဆာတွေကို ဖုံးအောင် လိမ်းရတဲ့ ခရင်မ်လို့ အဓိပ္ပာယ် ရပါတယ်။ ဒါပေမဲ့ အရေပြားချောမွေ့ နေသူတွေလည်း လိမ်းနိုင်ပါတယ်။ ဘယ် အသားအရောင်မျိုးပဲ ရှိရှိ၊ ဘယ်အသား အရေအမျိုးအစားနဲ့မဆို လိုက်ဖက်ပါတယ်။
BBခရင်မ်က ဘယ်လိုစဖြစ်လာ သလဲ။
BB ခရင်မ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်ကတည်းက ဂျာမန်ဆရာဝန် ဒေါက်တာခရစ္စတင်းစေခရမ်မက်ခ်က ထုတ်လုပ်ခဲ့ပါတယ်။ အရေပြားကို လှီး ဖြတ်ကုသပြီးတဲ့အခါမှာ အရေပြားအနာ ကျက်ဖို့နဲ့ အမာရွတ်၊ နီမြန်းမှု...စတဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖုံးအုပ် ဖို့အတွက် BB ခရင်မ်ကို စတင်အသုံးပြု ခဲ့တာပါ။ နောက်ပိုင်းမှာ အာရှကို မိတ် ဆက်ခဲ့ပြီး အထူးသဖြင့် ကိုရီးယားပေါ့ပ် စတားတွေနဲ့ သရုပ်ဆောင်တွေ အသား အရေ ပြုပြင်ပြောင်းလဲမှုများတဲ့ တောင် ကိုရီးယားမှာ ခေတ်စားခဲ့ပါတယ်။ အခု ဆိုရင် BB ခရင်မ်ကို ကိုရီးယားနိုင်ငံသား တိုင်း သိကြပါတယ်။ ဘယ်နေရာမှာမဆို ဝယ်နိုင်ပြီး ရေပန်းစားတဲ့ အလှကုန်လည်း ဖြစ်လာပါတယ်။
BB ခရင်မ်က ဘယ်လို အလုပ်လုပ်သလဲ။
BB ခရင်မ်က အလုပ်မျိုးစုံ လုပ်တဲ့ အသားအရေထိန်း ပစ္စည်းတစ်ခု ဖြစ်ပြီး သင့်အရေပြားက လိုအပ်နေတဲ့ ပစ္စည်း ဖြစ်ပါတယ်။ ဆိုလိုတာက အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်စွမ်း၊ နေရောင် ကာကွယ်နိုင်စွမ်း၊ အရေပြားချောမွေ့နူး ညံ့နိုင်စွမ်း၊ အပြစ်အနာအဆာတွေကို ဖုံး အုပ်နိုင်စွမ်း ရှိတယ်လို့ ပြောတာပါ။ BB ခရင်မ်မလိမ်းခင် အစိုဓာတ်ထိန်းခရင်မ် ကို အရင်လိမ်းပေရင် သဘာဝကျတဲ့ အ လှမျိုးကို ရရှိစေတယ်လို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။
BB ခရင်မ်က ဖောင်ဒေးရှင်း ခရင်မ်ပဲလား။
ဟုတ်လည်း ဟုတ်တယ်၊ မဟုတ် လည်း မဟုတ်ဘူးလို့ ပြောရမလိုပါ။ ဒါက Tinted အစိုဓာတ်ထိန်းခရင်မ်နဲ့ ပိုတူပါ တယ်။ ပိုသာတာက အရွယ်ရင့်တာကို ဖုံးအုပ်ပေးနိုင်ပြီး နေကာနိုင်တဲ့ ပမာဏ များများ ပါဝင်တာပါ။ Brand အမျိုး အစားပေါ် မူတည်ပြီး အရေပြားပေါ်က အပြစ်အနာအဆာတွေကို ဖုံးကွယ်နိုင်စွမ်း ကလည်း မတူပါဘူး။
ဘယ်လို BB ခရင်မ်အမျိုးအစား ကို လိမ်းသင့်သလဲ။
BB ခရင်မ်အားလုံးဟာ အရောင်၊ နေရောင်ကာကွယ်နိုင်စွမ်းနဲ့ အရေပြား ပေါ်က အပြစ်အနာအဆာတွေကို ဖုံး အုပ်နိုင်စွမ်း စတဲ့ အာနိသင်တွေ ကွဲပြား နေပါတယ်။ သင့်အသားအရေအတွက် အကောင်းဆုံးဖြစ်မယ့် အမျိုးအစားကို အတွေ့အကြုံအရ သိသွားပါလိမ့်မယ်။ သင်က ဖောင်ဒေးရှင်းထူထူလိမ်းရတာ မ ကြိုက်ရင်၊ အရေပြားအပြစ်အနာအဆာ တွေကို ဖုံးအုပ်လိုရင် BB ခရင်မ်ကို လိမ်းသင့်ပါတယ်။ ဒါကို ကွန်ဆဲလ်လာ အနေနဲ့လည်း သုံးနိုင်ပါတယ်။
BB ခရင်မ်ကို ဘယ်သူတွေ အဓိကလိမ်းသင့်သလဲ။
အသားအရောင် လတ်သူ၊ ဖြူသူ အမျိုးသား၊ အမျိုးသမီးတိုင်း လိမ်းသင့်ပါ တယ်။ ဒါပေမဲ့ သင်က အသားညိုတယ် ဆိုရင်BB ခရင်မ်နဲ့ ဖောင်ဒေးရှင်းမိတ် ကပ်ကို ရောလိမ်းသင့်ပါတယ်။ ဒါမှ အ ရေပြားအရောင်က ပိုဝင်းပလာမှာပါ။
ဇွန်
Good Health

မူရင်းစာမျက်နာသို့

LISANGE

                                        www.lisange.co.kr

နေ့စဉ် မျက်နာအသားအရေထိန်းသိမ်းမှု အဆင့်များ



အခြေခံအားဖြင့် နေ့စဉ် မျက်နာအသားအရေထိန်းသိမ်းမှုအဆင့် ငါးဆင့်ရှိပါသည်။
1.Cleansing -  မိတ်ကပ် အိုင်းလိုင်နာ အိုင်းရှဲဒိုး နှုတ်ခမ်းနီ နှင့် အဆီများကိုဖယ်ရှားရန်
                    မိတ်ကပ်အမြဲလိမ်းလေ့ရှိသူများနှင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကိုကြုံရသောအခါများတွင်ပြုလုပ်သင့်သည်။ Cleansing Milk , Cleansing Cream , Makeup Remover စသဖြင့် နို့ရည်ပုံစံ ခရမ်ပုံစံ ဂျယ်ပုံစံ ရနိုင်သည်။
2.Foamming - မျက်နာအသားအရေအားသန့်စင်ရန်
                    သာမာန်နေ့စဉ်သန့်စင်ရန်ဖြစ်သည်။ Soap , Facial Foam , Facial Cream စသဖြင့် အတုံးပုံစံ ခရမ်ပုံစံ အရည်ပုံစံ ရနိုင်သည်။
3.Tonning - မျက်နာပေါ်ရှိအညစ်အကြေးများကို အပြီးသတ်ဖယ်ရှားရန်
                  ချွေးပေါက်များကိုကျဉ်းစေပြီး အသားအရေတင်းရင်းစေရန်
                 ကျန်းမာလန်းဆန်းသောအသားအရေကိုရရှိရန် ပြုလုပ်သင့်သည်။ အရက်ပျံနှင့်မတည့်သူများ အရက်ပျံမပါဝင်သော Toner ကိုရွေးချယ်ရန်လိုသည်။ အရည်ပုံစံ သာရမည်။
4.Moisturizing - မျက်နာအသားအရေ၏အစိုဓါတ်ကိုထိန်းသိမ်းရန်
                       ကျန်းမာစိုပြေသောအသားအရေကိုရရှိရန် ပြုလုပ်သင့်သည်။ Milk , Moisturizer , Moisturizing Cream စသဖြင့် နို့ရည်ပုံစံ ခရမ်ပုံစံ ဂျယ်ပုံစံ ရနိုင်သည်။
5.Nourishing - မျက်နာအသားအရေ၏လိုအပ်သောအဟာရကိုဖြည့်တင်းပေးရန်
                     Day Cream , Night Cream , Nourishing Cream , Nourishing Milk , Serum စသဖြင့် နို့ရည်ပုံစံ ခရမ်ပုံစံ ဂျယ်ပုံစံ ရနိုင်သည်။

ယခုအခါ ယခုခေတ်၏ လူနေမှုပုံစံအရ အချိန်မပေးနိုင်ခြင်း နည်းပညာတိုးတက်လာခြင်းတို့ကြောင့် Cleansing +Foamming , Tonning , Moisturizing + Nourishing  ဟူ၍ အဆင့်သုံးဆင့်သာရည်ညွှန်းလုပ်ဆောင်လာကြသည်။
                                                                     Be health n beauty!      
                                                                               Cooo

ထောပတ်သီး


Photo: Avocado is the fruit with the highest vitamin E content. Vitamin E repairs your skin cells from environmental damage. 
Avocado is the fruit with the highest vitamin E content. Vitamin E repairs your skin cells from environmental damage.
 ထောပတ်သီးသည် vitamin E များစွာပါဝင်သောအသီးဖြစ်သည်။ Vitamin E သည်ပတ်ဝန်းကျင်အခြေအနေကြောင့် ပျက်စီးသွားသောအရေပြား ကိုပြန်လည်ပြုပြင်ပေးသည်။

မူရင်းစာမျက်နာသို့

Saturday, October 13, 2012

ROMANO


Enchanteur


                                             http://enchanteur.com.my/
                                             http://www.enchanteur.in/

VOV

                                             http://vovcosmetic.com
                                             http://www.myvov.com

Camella

                                            http://www.camella-cosmetic.com/